အီရန် ပြည်သူ

A d v e r t i s e m e n t With Us

January 4, 2020

ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီသေဆုံးခဲ့မှုအတွက် အမေရိကန်ကို အီရန်ပြည်သူများ ဆန္ဒပြ

အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီ  သေဆုံးခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်နေ့က မြို့တော် တဟီရန်မှာ ရာနဲ့ချီတဲ့ အီရန် ပြည်သူတွေက “အမေရိက သေဆုံးပါစေ” ဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန် စစ်ရေးသြဇာကြီးထွားလာအောင် ဖန်တီးပုံဖော်သူတဦးဖြစ်ပါတယ်။  ချီတက်ဆန္ဒပြသူတွေက အမေရိကန်၊ အစ္စရေးနဲ့ဗြိတိန်အလံတွေကို မီးရှို့ခဲ့သလို တချို့ကလည်း ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီ ဓာတ်ပုံတွေကို ကိုင်ဆောင်ခဲ့ပါတယ်။   ဆန္ဒပြသူတဦးက “အီရန်အပေါ် အမေရိကန်လုပ်ခဲ့တဲ့အတိုင်း အမေရိကန် ခေါင်းဆောင်တွေကို သတ်ဖြတ်သင့်တယ်” လို့ ပြောခဲ့ပါတယ်။ အီရန် ဘာသာရေးခေါင်းဆောင် အာမက် ခါတာမီကတော့ “အမေရိကန်တွေရဲ့ တောက်ပတဲ့နေ့ကို မှောင်မိုက်တဲ့ ညဖြစ်သွားအောင် ပြင်းပြင်းထန်ထန် လက်စားချေရမယ်”   လို့ ပြောခဲ့ပါတယ်။ ခါတာမီ ဦးဆောင်တဲ့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲမှာလည်း ဝတ်ပြုသူတွေက အမေရိကန် ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။  အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီပြီးနောက် ဒုတိယသြဇာအကြိးဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ထားတဲ့  ဆိုလန်မန်နီ လုပ်ကြံခံရမှုအတွက် အီရန်က လက်စားချေသွားမယ်လို့ ပြောထားပါတယ်။ 
1 year Ago
Up