အီရန် တပ်မတော်နေ့

A d v e r t i s e m e n t With Us

April 18, 2020

အီရန်တပ်မတော်နေ့တွင် ပိုးသတ်ဆေးဖျန်းယာဉ်နှင့် ရွေ့လျားဆေးရုံယာဉ်များဖြင့် ဆေးတပ်ဖွဲ့ ချီတက်

အီရန်မှာ ဧပြီ ၁၇ ရက်နေ့က အမျိုးသားတပ်မတော်နှစ်ပတ်လည်နေ့မှာ စစ်ရေးပြ ချီတက်မှုတွေအစား၊ ပိုးသတ်ဆေးဖျန်းယာဉ်တွေ၊ ရွေ့လျားဆေးရုံယာဉ်တွေနဲ့ ဆေးတပ်ဖွဲ့တွေက ချီတက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ အမိမြေကာကွယ်သူများ-ကျန်းမာရေးစောင့်ရှောက်သူများရဲ့ ချီတက်ပွဲလို့ အမည်ပေးထားတဲ့ ဆေးတပ်ဖွဲ့စစ်ရေးပြချီတက်မှု အသေးစားတခုကို မြို့တော်တီရန်က စစ်သင်တန်းကျောင်းတခုမှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ဆေးတပ်ဖွဲ့ဝင်တွေက မျက်နှာဖုံးတွေစွပ်ပြီး ပိုးသတ်ဆေးဖျန်းကားတွေ၊ ဆေးဝတ်စုံတွေနဲ့ ပါဝင်ခဲ့တာပါ။  သမ္မတ ဟာဆန်ရောဟနီက ပေးပို့တဲ့သဝဏ်လွှာမှာလည်း အခုဆိုရင် ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ တိုက်ပွဲရဲ့ ရှေ့တန်းမှာ ရှိနေပြီလို့ ချီးကျူးပြောကြားပါတယ်။  စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဆာဗီကလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ စစ်ဘက်ဆိုင်ရာဆေးဘက်အဖွဲ့ဝင် ၁၁၀၀၀ ကျော် ပါဝင်ထမ်းဆောင်နေတာကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။  အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဒဏ် အခံရဆုံးဖြစ်နေပြီး၊ ဒီနေ့မနက်ပိုင်းအထိ ကူးစက်သူ ၈ သောင်းနီးပါးနဲ့ သေဆုံးသူဦးရေဟာ ၅ ထောင်လောက် ရှိနေပြီလို့ သိရပါတယ်။  ဒါပေမဲ့ ပါလီမန်အစီရင်ခံစာတခုမှာတော့ တကယ်သေဆုံးသူ အရေအတွက်ဟာ နှစ်ဆ ပိုများနိုင်တယ်လို့ ဖော်ပြထားတယ်လို့ သတင်းက ဆိုပါတယ်။
11 months Ago
Up