အီရန်ရေနံတင်သဘေ္ာ

August 16, 2019

ဂျီဘရော်လ်တာ ရေလက်ကြားတွင် ထိန်းသိမ်းထားသည့် အီရန် ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေး

Zawgyi Version ဂျီဘရော်လ်တာ ရေလက်ကြားတွင် ထိန်းသိမ်းထားသည့် အီရန် ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေး DVB ဂျီဘရော်လ်တာ ရေလက်ကြားမှာ ထိန်းသိမ်းထားတဲ့ အီရန် ရေနံတင်သင်္ဘော Grace 1 ကို သြဂုတ် ၁၅ ရက်နေ့မှာ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီရေနံတင်သင်္ဘောပေါ်ကနေ ဆီးရီးယားမှာ ကုန်မချပါဘူးဆိုတဲ့ အာမခံချက်ကို ဂျီဘရော်လ်တာ အာဏာပိုင်တွေက ရရှိခဲ့ပါတယ်။ အီးယူဒဏ်ခတ်မှုတွေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ အဲဒီရေနံတင်သင်္ဘော Grace 1 ကို ဗြိတိန်တော်ဝင် မရိမ်းတပ်သားတွေက ဇူလိုင် ၄ ရက်နေ့မှာ ထိန်းသိမ်းခဲ့တာပါ။ အမေရိကန် အာဏာပိုင်တွေက နောက်ဆုံးအချိန်မှာ ကပ်ပြီး စုံစမ်းစစ်ဆေးခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် အာဏာပိုင်တွေက သင်္ဘောကို လွှတ်ပေးခဲ့ပါတယ်။ ဂျီဘရော်လ်တာ တာဝန်ရှိသူတဦးက အမေရိကန် အာဏာပိုင်တွေရဲ့ တောင်းဆိုချက်ကို သီးခြားအာဏာပိုင်အဖွဲ့က ဆုံးဖြတ်ပေးမယ်လို့ ရှင်းပြခဲ့ပါတယ်။ မျက်မြင်သက်သေတွေ အဆိုအရ Grace 1 သင်္ဘောဦးဟာ ၁၈၀ ဒီဂရီ လှည့်လိုက်ပြီလို့ သိရပါတယ်။ အီရန် ရေနံတင်သင်္ဘောဟာ ဆီးရီးယားကို ဆက်မသွားဘူးဆိုတဲ့ အာမခံချက်ကို လိုက်နာရမယ်လို့ ဗြိတိန် နိုင်ငံခြားနဲ့ ဓနသဟာယရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up