အီရန်ရိုက်

October 1, 2020

အာဆင်နယ်တွင် ဟော့ဆန်အော်ဝါးလို ကစားသမားမျိုးလိုအပ်နေဟု အီရန်ရိုက် သုံးသပ်

အာဆင်နယ်အသင်းမှာ လိုင်ယွန်က ဟော့ဆန်အော်ဝါးလို ကွင်းလယ်ကစားသမား လိုအပ်နေတယ်လို့ ကစားသမားဟောင်း အီရန်ရိုက်က ပြောပါတယ်။  လီဗာပူးအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ကွင်းလယ်က ဖန်တီးနိုင်စွမ်း အားနည်းခဲ့တာကြောင့် ဟော့ဆန်အော်ဝါးကို ခေါ်ယူဖို့ အရေးကြီးတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အီရန်ရိုက်က တိုက်တွန်းခဲ့တာပါ။  လီဗာပူးအသင်းမှာ ကစားသမားအားလုံးက တိုက်စစ်ကို လိုက်ပါကစားနိုင်ပြီး အာဆင်နယ်မှာတော့ ဆီဘယ်ယော့ လူစားဝင်ကစားသည့်တိုင် ကွင်းလယ်ပိုင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိသူ လိုအပ်နေခဲ့တယ်လို့ အီရန်ရိုက်က ပြောပါတယ်။  ဟော့ဆန်အော်ဝါးက ဘောလုံးလက်ခံရယူပြီး တိုက်စစ်ဆင်ရာမှာ ကောင်းမွန်ပြီး ဆီဘယ်ယော့ဝင်လာချိန်မှာ အခွင့်အရေးကောင်းတွေ ရခဲ့သလိုပဲ အော်ဝါးကို ခေါ်ယူနိုင်မယ်ဆိုရင် ဂိုးသွင်းခွင့်တွေ ပိုမိုရရှိလာမယ်လို့ အီရန်ရိုက်က သုံးသပ်ခဲ့ပါတယ်။  အသက် ၂၂ နှစ်ရှိ လိုင်ယွန်အသင်းခေါင်းဆောင် အော်ဝါးဟာ ပြင်သစ်လက်ရွေးစင်တဦးဖြစ်ပြီး မနှစ်က ၉ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
7 months Ago

September 30, 2020

အာဆင်နယ်တွင် ဟော့ဆန်အော်ဝါးကဲ့သို ကစားသမားမျိုး လိုအပ်နေဟု အီရန်ရိုက် သုံးသပ်

အာဆင်နယ်အသင်းမှာ လိုင်ယွန်က ဟော့ဆန်အော်ဝါးလို ကွင်းလယ်ကစားသမား လိုအပ်နေတယ်လို့ ကစားသမားဟောင်း အီရန်ရိုက်က ပြောပါတယ်။ လီဗာပူးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ကွင်းလယ်က ဖန်တီးနိုင်စွမ်း အားနည်းခဲ့တာကြောင့် ဟော့ဆန်အော်ဝါးကို ခေါ်ယူဖို့ အရေးကြီးတယ်လို့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အီရန်ရိုက်က တိုက်တွန်းခဲ့တာပါ။  လီဗာပူးအသင်းမှာ ကစားသမားအားလုံးက တိုက်စစ်ကို လိုက်ပါကစားနိုင်ပြီး အာဆင်နယ်မှာတော့ ဆီဘယ်ယော့ လူစားဝင်ကစားသည့်တိုင် ကွင်းလယ်ပိုင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိသူ လိုအပ်နေခဲ့တယ်လို့ အီရန်ရိုက်က ပြောပါတယ်။ ဟော့ဆန်အော်ဝါးက ဘောလုံး လက်ခံရယူပြီး တိုက်စစ်ဆင်ရာမှာ ကောင်းမွန်ပြီး ဆီဘယ်ယော့ ဝင်လာချိန်မှာ အခွင့်အရေးကောင်းတွေရခဲ့သလိုပဲ အော်ဝါးကို ခေါ်ယူနိုင်မယ်ဆိုရင် ဂိုးသွင်းခွင့်တွေ ပိုမိုရရှိလာမှာဖြစ်တယ်လို့ အီရန်ရိုက်က သုံးသပ်ခဲ့ပါတယ်။ အသက် ၂၂ နှစ် ရှိ လိုင်ယွန်အသင်းခေါင်းဆောင် အော်ဝါးဟာ ပြင်သစ် လက်ရွေးစင်တစ်ဦး ဖြစ်ပြီး မနှစ်က ၉ ဂိုးသွင်းပြီး ၁၀ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
7 months Ago
Up