အီရန်ပဲ့ထိန်းဒုံးကျည်

January 9, 2020

အီရန် ဒုံးကျည်ပစ်ခတ်မှု အမေရိကန်တပ်ဖွဲ့ဝင်များ အသေအပျောက်မရှိဟု သမ္မတထရမ့်ပြော

အီရန်ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်တာ မရှိဘဲ  အပျက်အစီးအနည်းငယ် ရှိခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။  အဲဒီရလဒ်က အီရန်အစိုးရအနေနဲ့ ပဋိပက္ခလျော့ပါးစေလိုတာ ပြသတယ်လို့  သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။     “အမေရိကန်နိုင်ငံသားတွေ  ထိခိုက်တာ မရှိဘူး။ အသေအပျောက်မရှိဘူး။  အမေရိကန် စစ်သားတွေ အားလုံး အန္တရာယ်ကင်းပြီး အမေရိကန် စစ်စခန်းမှာ  အပျက်အစီးအနည်းငယ်သာ ဖြစ်ခဲ့တယ်” လို့ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ ထရမ့်က  ပြောခဲ့ပါတယ်။   “အီရန်ဘက်က အပစ်အခတ်ရပ်ပုံရပြီး ဒီလုပ်ရပ်ဟာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ကမ္ဘာကြီးအတွက် အလွန်ကောင်းမွန်တယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။ ဒါ့အပြင် “အမေရိကန်အနေနဲ့ အီရန်အပေါ် စစ်အင်အားသုံးတာမျိုး မလိုအပ်ဘူး” လို့ ထရမ့်က ပြောခဲ့ပါတယ်။  “ဒါဟာ အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို အမေရိကန်သတ်ဖြတ်မှုကြောင့် ဖြစ်ခဲ့တဲ့  ပြဿနာကို မကြီးထွားအောင် ထိန်းသိမ်းလိုက်ပုံရပါတယ်။ ဒါပေမဲ့ အီရန် ရန်လိုမှုကို တုံ့ပြန်ပြိး အီရန်အစိုးရအပေါ် စီးပွါးရေးဒဏ်ခတ်တာတွေ  ထပ်တိုး လုပ်ဆောင်သွားမယ်” လို့ သမ္မတ ထရမ့်က ပြောပါတယ်။   အဲဒါနဲ့ပတ်သက်လို့   အစီအမံတွေကိုတော့ ထရမ့်က  အသေးစိတ် မပြောခဲ့ပါဘူး။ အီရန်ကို  နျူလက်နက် ပိုင်ဆိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က ထပ်ပြောလိုက်သလို ရုရှားနဲ့ တရုတ်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို ၂၀၁၅  နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီး သဘောတူညီချက်အသစ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 
2 years Ago
Up