အီရန်နိုင်ငံခြားရေးဝန်ကြီးအသစ် ဟူစိန်အာမီယာ အဘ်ဒိုလာဟိန်ဟာ ဆီးရီးယားနိုင်ငံကို သြဂုတ် ၂၉ ရက်မှာ ရောက်ရှိလာပြီး ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆတ်နဲ့ရော နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်မခ်ဒဒ်တို့နဲ့ပါ တွေ့ဆုံပါတယ်။
ဆီးရီးယားနဲ့ အီရန်တို့ ပူးပေါင်းဆောင်ရွက်ရေးဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အပြုသဘောဆောင်တဲ့ စွမ်းဆောင်မှုတွေဆီ ဦးတည်စေတယ်လို့ အာဆတ်ကို ကိုးကားပြီး ဆီးရီးယားသမ္မတရုံးက ပြောပါတယ်။
စီးပွားရေးအကြမ်းဖက်ဝါဒနဲ့ သူ့သက်ရောက်မှုတွေအပါအဝင် အကြမ်းဖက်ဝါဒ အားလုံးကို တိုက်ဖျက်ရာမှာ အီရန်က ဆီးရီးယားကို ဆက်ပြီး ထောက်ပံ့သွားမယ်လို့ အဗ်ဒိုလာဟိန်က ပြောကြောင်းကိုလည်း သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ပါတယ်။
အီရတ်အစိုးရက ပြင်သစ်နဲ့ ပူးတွဲစီစဉ်တဲ့ ထိပ်သီးညီလာခံမှာ အီရန်နဲ့ အာရပ်ပင်လယ်ကွေ့ နိုင်ငံတွေက အရာရှိတွေ ဆွေးနွေးအပြီး နောက်နေ့မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။