အီရန်တော်လှန်ရေးအစောင့်တပ်

A d v e r t i s e m e n t With Us

January 5, 2021

တောင်ကိုရီးယားအလံလွှင့် ရေနံတင်သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ် ဖမ်းဆီး

ပင်လယ်ကွေ့အတွင်း တောင်ကိုရီးယားအလံလွှင့် ရေနံတင်သင်္ဘောတစ်စီးကို အီရန် တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးလိုက်တယ်လို့ အီရန်မီဒီယာက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားဘဏ်တွေက အီရန်ရန်ပုံငွေတွေကို  ပိတ်ပစ်လိုက်တာနဲ့ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာ အခုလို ဖမ်းဆီးလိုက်တာပါ။  ဓာတုပစ္စည်းတွေ တင်ဆောင်ပြီး ပါရှန်ပင်လယ်ကွေ့ကို ညစ်ညမ်းစေမှုနဲ့ တောင်ကိုရီးယား သင်္ဘောကို အီရန်ရေတပ်က ဖမ်းဆီးလိုက်တယ်လို့ အီရန်မီဒီယာအတော်များများက ထုတ်ပြန်ပါတယ်။ ဟန်ကွတ်ချယ်မီ ဆိုတဲ့ ရေနံတင်သင်္ဘောဟာ အီသနောတန်ချိန် ၇,၂၀၀ တင်ဆောင်လာတယ်လို့ တက်စ်နင်မ် သတင်းအေဂျင်စီက ဆိုပါတယ်။ သင်္ဘောအမှုထမ်းတွေကို ထိန်းသိမ်းထားပြီး သူတို့ထဲမှာ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်လို့ တက်စ်နင်မ်က ဖော်ပြပါတယ်။
2 months Ago
Up