ရာထူးက ဆင်းရတော့မယ့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်ဆိုင်ရာ မူဝါဒတွေကို ပြစ်တင် ရှုတ်ချပြီး အစားထိုးပေးဖို့ အမေရိကန်အစိုးရသစ်ကို အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက နိုဝင်ဘာ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မြို့တော် တဟီရန်မှာလုပ်တဲ့ အစိုးရအဖွဲ့ အစည်းဝေးအတွင်း သမ္မတ ရိုဟာနီက အမေရိကန် အစိုးရသစ်အနေနဲ့ ပထမဆုံးခြေလှမ်းအဖြစ် အီရန်ဆိုင်ရာ ထရမ့်ရဲ့မူဝါဒတွေကို ပြတ်ပြတ် သားသား ပြစ်တင်ရှုတ်ချဖို့ မျှော်လင့်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်တဲ့ မူဝါဒတွေ၊ အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့ မူဝါဒတွေကို ရှုတ်ချရမယ်လို့ ရိုဟာနီက ပြောပါတယ်။
ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ရဲ့အောင်ပွဲကြောင့် ၂၀၁၅ အီရန် နျူကလီးယား သဘော တူညီချက်မှာ အမေရိကန်ပြန်ပါဝင်မယ့် အလားအလာမြင့်တက်လာပါတယ်။
အဲဒီသဘောတူညီချက်အရ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ထိန်းချုပ်တဲ့အပေါ်မှာ အပြန်အလှန်အနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။
၂၀၁၈ မှာတော့ သမ္မတ ထရမ့်က သဘောတူညီချက်ကို ကျောခိုင်းခဲ့သလို အီရန်ကလည်း လက်တုံ့ပြန်ပြီး စည်းကမ်းလိုက်နာမှုတွေကို လျှော့ချခဲ့ပါတယ်။
၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်က သဘောတူညီချက် စည်းကမ်းချက်တွေအတိုင်း ပြန်သွားဖို့ နှစ်ဖက်စလုံးက စိတ်ဆန္ဒရှိတယ်ဆိုပြီး အီရန်နဲ့အမေရိကန်ဟာ ကြေညာနိုင်တယ်လို့ ရိုဟာနီက ပြောပါတယ်။
5 months Ago