အီရန်ဆိပ်ကမ်း

July 16, 2020

အီရန်ဆိပ်ကမ်းတွင် သင်္ဘော ၇ စီးထက်မနည်း မီးလောင်

အီရန်နိုင်ငံ ဘွတ်ရှ်ရှာဆိပ်ကမ်းမှာ ဇူလိုင် ၁၅  ရက်က မီးလောင်မှုဖြစ်ခဲ့ပြီး  သင်္ဘော ၇ စီးထက်မနည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်မှုကို နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ခဲ့ပြီး နေရောင်ကြောင့် မီးလောင်တာ ဖြစ်တယ်လို့ မျက်မြင် တစ်ဦးက ပြောပါတယ်။  အသေးစားလောင်ကျွမ်းမှုကနေ မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေ ရောက်လာတာ နောက်ကျတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။  ဒေသမီးသတ်တပ်ဖွဲ့အကြီးအကဲကတော့  မီးသတ်သမားတွေ ကြန့်ကြာရတာက   ယာဉ်ကြောပိတ်တာလည်း တစိတ်တပိုင်း ပါဝင်တယ်လို့ ဖြေရှင်းပါတယ်။   မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရတာ မရှိပါဘူး။ အခု မီးလောင်မှုဟာ မကြာသေးခင်ကာလအတွင်း အီရန်မှာ ဖြစ်ခဲ့တဲ့  မီးလောင်ပေါက်ကွဲမှု တွေထဲက  နောက်ဆုံး မီးလောင်တာလည်း ဖြစ်ပါတယ်။ ဇွန်လနှောင်းပိုင်းကစလို့ အီရန် စစ်ဘက်  နျူကလီးယားနဲ့စက်မှုဇုန်တွေမှာ မီးလောင်ပေါက်ကွဲမှု အများအပြား ဖြစ်ခဲ့ပြီး အဲဒီထဲမှာ  ဇူလိုင် ၂  ရက်က  နက်တန်စ်မြေအောက်နျူကလီးယားစက်ရုံ မီးလောင်တာလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
10 months Ago
Up