အီရန်စက်လှေ

A d v e r t i s e m e n t With Us

April 23, 2020

အမေရိကန်သင်္ဘောများကို နှောင့်ယှက်သည့် အီရန်စက်လှေများကို ပစ်ခတ်ရန် သမ္မတအမိန့်ပေး

ပါရှန်းပင်လယ်ကွေ့ထဲက နိုင်ငံတကာရေပိုင်နက်ထဲမှာ အမေရိကန်သင်္ဘောတွေကို ချည်းကပ် နှောင့်ယှက်တဲ့ အီရန်ရေတပ်က စက်လှေတွေကို သိပ်နီးကပ်လာရင် ပစ်ခတ်ဖျက်ဆီးသွားဖို့ ရေ တပ်ကို အမိန့်ပေးထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၂၂ မှာ ပြောကြားလိုက်ပါတယ်။  အီရန်ရေတပ်ရဲ့စက်သေနတ်ပါ စက်လှေ ၁၁ စင်းဟာ ဧပြီ ၁၅ ရက်က နိုင်ငံတကာ ရေပိုင်နက်ထဲ သွားနေတဲ့ အမေရိကန်ရေတပ် သင်္ဘော ၆ စီးအနားကို အန္တရာယ်ရှိတဲ့ အနေအထားအထိ ချည်းကပ်မောင်းနှင်လာခဲ့တာပါ။  ဒါ့ကြောင့် သမ္မတ ထရမ့်က သူတို့သင်္ဘောတွေ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်လာရင် အီရန်စက်လှေတွေနဲ့ သင်္ဘောတွေကို ပစ်ခတ်ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။  အီရန်ဘက်ကတော့ ထရမ့်ရဲ့ သတိပေးချက်ကို ပယ်ချထားပြီး အမေရိကန်အနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေကို ကယ်တင်ရေးသာ အာရုံစိုက်သင့်တယ်လို့ တုံ့ပြန်ပါတယ်။  အီရန်ဟာ သူတို့ရဲ့ ပထမဆုံးသော စစ်ဘက်သုံး ဂြိုဟ်တုတလုံးကို ဗုဒ္ဓဟူးနေ့ကပဲ လွှတ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။ 
10 months Ago
Up