အီရန်ကောင်စစ်ဝန်ရုံး

November 28, 2019

အီရန်ကောင်စစ်ဝန်ရုံးကို အီရတ်ဆန္ဒပြသူများက ဝင်ရောက်စီးနင်း မီးရှို့

အီရတ်တောင်ပိုင်း၊နဂျက်ဖ်မြို့မှာ နိုဝင်ဘာ  ၂၇ ရက်နေ့က အီရတ်ဆန္ဒပြသူတွေက အီရန်ကောင်စစ်ဝန်ရုံးကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပါတယ်။ ဒါဟာ  အီရန် ကျောထောက်နောက်ခံပေးထားတဲ့  အီရတ်အစိုးရပြုတ်ကျရေး ရည်ရွယ်တဲ့ ဆန္ဒပြပွဲတွေမှာ  နောက်ထပ် အကြမ်းဖက်မှု ဖြစ်လာတာပါ။ နောက်ပြီး ဒါဟာ အီရန်ဆန့်ကျင်ရေး ဆန္ဒပြသမားတွေရဲ့  အပြင်းထန်ဆုံး ဆန္ဒထုတ်ဖော်ချက်လည်း ဖြစ်ပါတယ်။   မြို့တော် ဘဂ္ဂဒက်နဲ့    ရှီးယိုက်မွတ်စလင် အများစုရှိရာ တောင်ပိုင်းမှာ အီရတ် ဆန္ဒပြသူတွေဟာ      သီတင်းပတ်ချီ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်နေပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့က မြို့တော် ဘဂ္ဂဒက်နဲ့ တောင်ပိုင်းမြို့တွေမှာ  ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ပြီး ဆန္ဒပြသူ ၅ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။  ဘတ်ဆရာမြို့မှာ ဆန္ဒပြသူတွေက  ကားတာယာတွေ မီးရှို့ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။  အီရတ်နိုင်ငံ ဆန္ဒပြပွဲတွေဟာ နိုင်ငံ့ အာဏာရအဖွဲ့အစည်းတွေကို  ထိန်းချုပ်ထားတဲ့ ရှီးယိုက်မွတ်စလင် ကြီးစိုးရာ အုပ်ချုပ်သူ လူတန်းစား အတွက်  စိန်ခေါ်မှု ဖြစ်ပါတယ်။  အောက်တိုဘာ ၁ ရက်နေ့က စခဲ့တဲ့   အီရတ်နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကြောင့် စုစုပေါင်း သေဆုံးသူ ၃၄၄ ယောက်အထိ ရှိလာခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။ 
1 year Ago

November 5, 2019

အီရတ်ဆန္ဒပြသမားများက  အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မီးရှို့ 

အီရတ်နိုင်ငံက ဆန္ဒပြသူတွေဟာ အီရတ်ဘာသာရေး အထွတ်အမြတ်မြို့ ခါဘာလာရှိ အီရန်ကောင်စစ်ဝန်ရုံးကို နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး တာယာတွေကို မီးရှို့ခဲ့ပါတယ်။  အီရန်တွေ ထွက်သွား၊ ခါဘာလာက လွတ်လပ်နေဆဲပဲ စတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ကြပါတယ်။ နိုင်ငံရေးရေပေါ်ဆီတွေ ကျဆုံးရေး တောင်းဆိုရင်း မြို့တော်တွင်း လမ်းတွေပေါ်မှာ ထောင်သောင်းချီတဲ့ အီရတ် ပြည်သူတွေ ဆန္ဒပြနေတာပါ။ ဒါဟာ ဆက်ဒမ်ဟူစိန် ကျဆုံးပြီးတည်းက အစိုးရ ဆန့်ကျင်ရေး အကြီးဆုံး ပြည်လုံးကျွတ် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ဒေသတွင်း သြဇာလွှမ်းနိုင်ဖို့ အီရတ်ကို ကြားခံအဖြစ် အမေရိကန်ကရော အီရန်ကပါ သုံးနေပြီး နိုင်ငံရေး လူတန်းစားတွေကလည်း အီရန်ကိုရော အမေရိကန်ကိုပါ ခယအောက်ကျို့နေတယ်လို့ ဆန္ဒပြသူ အများအပြားက ရှုမြင်ထားပါတယ်။ အီရတ်မှာ ရေနံကြွယ်ဝပေမယ့် လူအများအပြားက ဆင်းရဲမွဲတေနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေ၊ လျှပ်စစ်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးကို လက်လှမ်းမီမှုက အကန့်အသတ်နဲ့ ရှိနေတာပါ။ ဝန်ကြီးချုပ် အဒဲ အဘ်ဒူ မာဒီရဲ့ အစိုးရကလည်း ဆန္ဒပြပွဲတွေကို တုံ့ပြန်မှု တစုံတရာ မလုပ်သေးပါဘူး။
2 years Ago
Up