အီရန် အဆောက်အဦ ပြိုကျမှု မီးသတ်သမား ၂၀ သေဆုံး၊ ၂၅ ဦး ပျောက်ဆုံးနေဆဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

January 21, 2017

အီရန် အဆောက်အဦ ပြိုကျမှု မီးသတ်သမား ၂၀ သေဆုံး၊ ၂၅ ဦး ပျောက်ဆုံးနေဆဲ (ရုပ်သံ)

အီရန်နိုင်ငံရဲ့ မြို့တော် တီရန်မှာ ၁၇ ထပ်မြင့်တဲ့ စီးပွားရေးဆိုင်ရာ အဆောက်အဦတလုံး ပြိုကျအပြီး ဇန်န၀ါရီ ၂၀ အထိ မီးသတ်သမား အယောက် ၂၀ သေဆုံးပြီး ၂၅ ဦး ပျောက်ဆုံးနေဆဲလို့ အရာရှိတွေကို ကိုးကားပြီး အစိုးရရုပ်သံက အစီရင်ခံပါတယ်။ ပျောက်ဆုံး မီးသတ်သမား ၂၅ ဦးလုံး အပျက်အစီးတွေ အောက်မှာ ပိတ်မိနေတာမျိုးတော့ မဟုတ်ဘူးလို့ အရာရှိ တယောက်က ဆိုပါတယ်။ မီးနဲ့ မီးခိုးထူတွေကြောင့် မီးသတ်သမားတွေရဲ့ အလောင်းတွေကို ရှာဖွေမှု နှောင့်နှေး နေပါတယ်။ မီးသတ်သမားတွေဟာ ရာနဲ့ချီတဲ့ အဝတ်ကုန်လှောင်ရုံတွေ တခြား စီးပွားရေး လုပ်ငန်း တွေနဲ့ ကုန်တိုက်တို့ ရောနှော တည်ရှိရာ အီရန်ရဲ့ သက်တမ်းအမြင့်ဆုံး အထပ်မြင့် အဆောက်အဦ ထဲက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အဆောက်အဦး မန်နေဂျာတွေဟာ အားနည်းလာတဲ့ ကြံ့ခိုင်မှုနဲ့ ညံ့ဖျင်းတဲ့ ဘေးကင်းရေး စံချိန်တွေနဲ့ ပတ်သက်ပြီး ထပ်ခါတလဲ သတိပေးခဲ့ ပေမယ့် လျစ်လျူ ရှုခဲ့ ကြတယ်လို့ တီရန်မြို့တော်ဝန် မိုဟမ်မဒ် ဘာကာ ခါလီဘဲ့ဖ်က ပြောပါတယ်။ ဒီမတော်တဆမှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး ဆုံးရှုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဘေးကင်းရေး စံချိန်မကိုက်ညီလို့ ဆိုင်တွေ လုပ်ငန်းတွေ အများစုက အာမခံ မထားကြဘူးလို့လည်း ဆိုပါတယ်။ နောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ မီးသတ်ဌာန အရာရှိတွေက သတိပေးထားတယ်လို့လည်း ဖားစ် သတင်းဌာနက အစီရင်ခံပါတယ်။ အီရန် သမ္မတ ဟတ်ဆန် ရောင်ဟာနီက ဒီအမှုကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါတယ်။
4 years Ago
Up