အီရန် ဘီလီယံနာ အဲဗာတန်အသင်းတွင် ရင်းနှီးမြှုပ်နှံ

A d v e r t i s e m e n t With Us

March 10, 2016

အီရန် ဘီလီယံနာ အဲဗာတန်အသင်းတွင် ရင်းနှီးမြှုပ်နှံ

အဲဗာတန်အသင်းဟာ အီရန် ဘီလီယံနာ ဖာရ်ဟဒ် မိုစ်ဟီရီရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ မိုစ်ဟီရီဟာ အသင်းရဲ့ ရှယ်ယာ ၄၉ ဒသမ ၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာဖြစ်ပြီး အဲဗာတန်အသင်းဥက္ကဋ္ဌ ဘီလ်ကန်ရိုက်၊ ဂျွန်ဝုဒ်စ်တို့နဲ့အတူ အသင်းကို ပူးပေါင်း အုပ်ချုပ်ကြမှာပါ။ မိုစ်ဟီရီရဲ့ ပိုင်ဆိုင်မှုဟာ စတာလင်ပေါင် ၁ ဒသမ ၃ ဘီလီယံရှိပြီး သူဟာ အရင်က အာဆင်နယ်အသင်း ရှယ်ယာတွေကိုလည်း ပိုင်ဆိုင်သူတဦး ဖြစ်ပါတယ်။ အဲဗာတန်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး အသင်းကရော ပရီမီးယားလိဂ်ကပါ ခွင့်ပြုလက်ခံလိုက်တာ ဖြစ်ပါတယ်။
5 years Ago
Up