အီရန်ရိုက်ပြော

February 5, 2017

အာစင်ဝင်းဂါး အနာဂတ်အတွက် စဉ်းစားရန် အီရန်ရိုက်ပြော

အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးအနေနဲ့ သူ့အနာဂတ်အတွက် လေးလေးနက်နက် စဉ်းစားဖို့ လိုလာပြီလို့ အာဆင်နယ်အသင်းရဲ့ ဂန္တ၀င် ကစားသမား အီရန်ရိုက်က ပြောဆိုလိုက်ပါတယ်။ မနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်ဟာ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးလိုက်လို့ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းနိုင်ရေးအတွက်လည်း အလှမ်းဝေးသွားပါတယ်။ အာဆင်နယ်က အမြဲတမ်း အဆင့် ၄ အတွင်း ၀င်ပေမယ့် ချန်ပီယံဆုကိုတော့ မရတော့ပါဘူးလို့ အီရန်ရိုက်က ပြောပါတယ်။ အသက် ၆၇ နှစ်အရွယ် အာစင်ဝင်းဂါးရဲ့ နည်းပြစာချုပ်ဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ၀င်းဂါးအနေနဲ့ စာချုပ် သက်တမ်း ကုန်တဲ့အချိန်မှာ တခုခုကို လေးလေးနက်နက် စဉ်းစားရတော့မယ်လို့လည်း အာဆင်နယ်အသင်းရဲ့ ဂန္တ၀င် ဘောလုံးသမားက ဆိုပါတယ်။
4 years Ago
Up