အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် ဗြိတိန်က ပါရှန်ပင်လယ်ကွေ့ကို HMS ဒန်ကင် ဖျက်သင်္ဘောတစီး ဇူလိုင် ၁၂ ရက်နေ့မှာ စေလွှတ်ခဲ့ပါတယ်။
စေလွှတ်လိုက်တဲ့ ဖျက်သင်္ဘောဟာ အဲဒီမှာရှိနေတဲ့ HMS မွန်ထရို့စ်နေရာမှာ အစားထိုး တာဝန်ထမ်းမှာပါ။
ဗြိတိန်စစ်သင်္ဘောဒန်ကင်ဟာ တူရကီရဲ့ ဘော့စ်ဖော်ရပ်စ်မြစ်ကို ဖြတ်ပြီး ပါရှန်ပင်လယ်ကွေ့ကို သွားနေပါတယ်။ အီရန်ပိုင် ရေနံသင်္ဘောကို ဗြိတိန်က ဖမ်းဆီးပြီးနောက်မှာ အီရန်နဲ့ ဗြိတိန်အကြား ဆက်ဆံရေး ဆိုးရွားနေပါတယ်။
အဲဒီနောက် ဗြိတိန်ရေနံသင်္ဘောကို တားဆီးဖို့လုပ်တဲ့ အီရန်သင်္ဘောတွေကို ဗြိတိန် စစ်သင်္ဘော မွန်ထရို့စ်က မောင်းထုတ်ခဲ့ပါတယ်။
HMS ဒန်ကင်ကို စေလွှတ်တာနဲ့ ပတ်သက်ပြီး ဗြိတိန်အနေနဲ့ ပင်လယ်ကွေ့ဒေသမှာ ရေရှည်ရှိမယ့် အစီအစဉ် တစိတ်တပိုင်းအရ ရေကြောင်း လုံခြုံရေးတာဝန် ဆက်လက်ထမ်းဖို့ HMS ဒန်ကင်ကို စေလွှတ်တာလို့ ဗြိတိန် အစိုးရက ပြောကြားခဲ့ပါတယ်။
2 years Ago