အီရန်ရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေးသမားများ အသာစီးရ

A d v e r t i s e m e n t With Us

February 29, 2016

အီရန်ရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေးသမားများ အသာစီးရ

အီရန်ရွေးကောက်ပွဲမှာ မဲတွေရေတွက်လို့ မပြီးသေးပေမယ့် လက်ရှိ ရေတွက် ပြီးစီးသလောက် ရလဒ်တွေအရ ရှေးရိုးစွဲဝါဒီတွေ အရေးနိမ့်ပြီး ပြုပြင်ပြောင်းလဲရေးသမားတွေက အံ့အားသင့်လောက်အောင် အသာစီးရနေပါတယ်။ အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီက မဲတွေ အားကောင်းကောင်း အနိုင်ရနေလို့ အီရန်နိုင်ငံ အထီးကျန်နေရာက ပြန်လည်အားကောင်းလာဖို့ အရှိန်မြင့်တက်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ရွေးကောက်ပွဲမှာ မြို့တော်တီဟီရန်က လွှတ်တော်ကိုယ်စားလှယ် နေရာ ၃၀ လုံး အလယ်အလတ်လမ်းစဉ် ဝါဒီတွေနဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေက အနိုင်ရခဲ့ပါတယ်။ ရောင်ဟာနီရဲ့ ထိပ်တန်းမဟာမိတ်၊ နိုင်ငံရေး ညှိနှိုင်းရေးသမားနဲ့ စစ်ပြန် ပြုပြင်ပြောင်းလဲရေးဝါဒီ အက္ကဘာ ဟာရှီမီ ရာ့ဖ်စန်ဂျနီ ကတော့ ပြည်သူ့ဆန္ဒကို ဘယ်သူမှ မခုခံ မဟန့်တားနိုင်ဘူးလို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာကနေ ပြောပါတယ်။ ကိုယ်စားလှယ် ၂၉၀ ရှိတဲ့ လွှတ်တော်ကို လက်ရှိမှာ ထိန်းချုပ်ထားတဲ့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ အမာခံတွေရဲ့ ထိန်းချုပ်နိုင်စွမ်း လျော့ရဲသွားရင် သမ္မတ ရောင်ဟာနီက နိုင်ငံခြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အီရန်အတွက် အလှည့်အပြောင်း ဖြစ်နိုင်ချေအဖြစ် အကဲခတ်တွေက ရှုမြင်ထားပါတယ်။ နိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းရှိတဲ့ အသက် ၃၀ အောက် လူငယ်တွေကတော့ စီးပွားရေး ဒဏ်ခတ်မှု အများစုကို ပယ်ရှားအပြီး ကမ္ဘာကြီးနဲ့ ထိတွေ့နိုင်ဖို့ စိတ်အားထက်သန် နေကြပါတယ်။
5 years Ago
Up