အီရန်ရေနံတင်သင်္ဘော

January 9, 2018

တရုတ်ကုန်သင်္ဘောနှင့် တိုက်မိခဲ့သည့် အီရန်ရေနံတင်သင်္ဘော မီးလောင်နေဆဲ (ရုပ်သံ)

အရှေ့တရုတ်ပင်လယ်တွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က တရုတ်ကုန်တင်သင်္ဘောတစီးနဲ့ မတော်တဆ တိုက်မိခဲ့တဲ့ အီရန် ရေနံတင်သင်္ဘောဟာ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းအထိ မီးဆက်လောင်နေခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ အီရန်ရေနံတင်သင်္ဘောပေါ်က ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ဆက်လက်ရှာဖွေနေဆဲပါ။ မီးလောင်နေဆဲ အီရန်ရေနံတင်သင်္ဘောဟာ ထပ်ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ စီစီတီဗွီ သတင်းဌာနက ဖော်ပြထားပါတယ်။ Sanchi လို့ အမည်ရတဲ့ အီရန်ရေနံတင်သင်္ဘောဟာ ရှန်ဟိုင်းနဲ့ ယန်ဇီမြစ်ဝနားက တရုတ်ကမ်းရိုးတန်း ရေပြင်ပိုင်နက် ရေမိုင် ၁၆၀ အကွာအဝေးလောက်မှာ တရုတ်ကုန်တင်သင်္ဘော CF Crystal နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် ညနေပိုင်းက တိုက်မိခဲ့တာပါ။ ရေနံတင်သင်္ဘောဟာ ရေနံစိမ်း တန်ချိန် ၁၃၆၀၀၀ ကို တင်ဆောင်လာခဲ့ပြီး အီရန်ကနေ တောင်ကိုရီးယားကို သွားနေချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ကမ္ဘာ့ရေနံစိမ်းဈေးကွက်အရ အီရန်ရေနံတင်သင်္ဘော တင်ဆောင်လာတဲ့ ရေနံစိမ်း ပမာဏဟာ ဒေါ်လာ သန်း ၆၀ တန်ကြေးရှိတယ်လို့ သိရပါတယ်။ အီရန်ရေနံတင်သင်္ဘောနဲ့ တိုက်မိခဲ့တဲ့ တရုတ်ကုန်တင်သင်္ဘောကတော့ အပျက်အစီးတချို့ ရှိခဲ့ပေမယ့် သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား သင်္ဘောသား ၂၁ ယောက်လုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။
3 years Ago
Up