ဒီဇင်ဘာ ၃၁ ရက်နေ့ အီရန်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲအတွင်း လူ ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ကိုင် ဆန္ဒပြသူတွေဟာ ရဲစခန်းတွေနဲ့ စစ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီးနင်းဖို့ ကြိုးပမ်းခဲ့တယ်ဆိုပြီး နိုင်ငံပိုင်သတင်းဌာနက ဇန်နဝါရီ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဲဒီလိုစီးနင်းဖို့ ကြိုးပမ်းတာတွေကို တွန်းလှန်နိုင်ခဲ့တယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။
ဒိုရက်ပြည်နယ် အုပ်ချုပ်ရေးမှူးက “အရပ်ဝတ်နဲ့ လူတချို့ဟာ မော်တော်ယာဉ်တွေနဲ့ ရောက်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အဓိကကတော့ လုံခြုံရေးဌာနချုပ်ကို ပစ်ခတ်သွားတယ်။ အဲဒါ လက်ဆုပ်လက်ကိုင်ပြလို့ရပါတယ်” လို့ ပြောပါတယ်။
သီးခြားဖြစ်ရပ်တခုကတော့ ဆန္ဒပြနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံရပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲအရာရှိတဦးက ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အဲဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ပထမဆုံး ရဲတပ်ဖွဲ့ဝင် သေဆုံးမှု ဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ ရေနံအဓိက တင်ပို့ရောင်းချတဲ့ အိုပက်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နိုင်ငံတွင်း စီးပွားရေး ပြဿနာတွေနဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် ဆန္ဒပြပွဲတွေ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago