အီရန်ပိုင်နက်ထဲ အမေရိကန်တပ်သား ၁၀ ဦး ထိန်းသိမ်းခံရမှုကြောင့် တပ်မှူးကို ထုတ်ပယ်

May 13, 2016

အီရန်ပိုင်နက်ထဲ အမေရိကန်တပ်သား ၁၀ ဦး ထိန်းသိမ်းခံရမှုကြောင့် တပ်မှူးကို ထုတ်ပယ်

ပြီးခဲ့တဲ့ ဇန်န၀ါရီလက အီရန်ရေပိုင်နက်ထဲဝင်ရောက်ခဲ့လို့ ခေတ္တထိန်းသိမ်းခံရတဲ့ အမေရိကန် ရေတပ်ဖွဲ့ဝင် ၁၀ ဦးရဲ့ တပ်မှူးကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ မေ ၁၃ ရက်က ထုတ်ပြန်တဲ့ အမေရိကန် ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပင်လယ်ကွေ့မှာ ဒီဖြစ်ရပ် ဖြစ်ပွားစဉ် တာဝန်ယူထားတဲ့ တပ်မှူး အဲရစ်ရတ်ခ်ျအပေါ် ယုံကြည်ချက် ပျောက်ဆုံးသွားပြီလို့ ဆိုပါတယ်။ ရတ်ခ်ျက ထိရောက်တဲ့ ခေါင်းဆောင်မှု မပေးနိုင်သလို တပ်ဖွဲ့အတွင်းမှာ စံချိန်စံနှုန်းကို မထိန်းသိမ်းနိုင်ဘူးလို့ အမေရိကန် ရေတပ်အရာရှိတွေက ပြောပါတယ်။ ထိန်းသိမ်းခံရအပြီးမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အီရတ် ထိပ်တန်းအရာရှိတွေရဲ့ သံတမန်ရေး ညှိနှိုင်းမှုအရ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပင်လယ်ကွေ့အတွင်း လေ့ကျင့်နေစဉ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးပါတဲ့ အမေရိကန် ရေတပ်သားတွေကို အီရန်က ထိန်းသိမ်းခဲ့ပြီး အီရန် ရေတပ်အခြေစိုက်ရာ ဖာစီကျွန်းကို ခေါ်ဆောင်သွားပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကို ၁၅ နာရီလောက်ကြာအောင် ထိန်းသိမ်းထားခဲ့ပါတယ်။ အမေရိကန်ကတော့ သဘောင်္သားတွေ ဘယ်လိုလုပ်ပြီး အီရန် ရေပိုင်နက်ထဲ ၀င်သွားသလဲဆိုတာ စုံစမ်းနေတယ်လို့ ဒီအချိန်က ထုတ်ပြန်ခဲ့ပါတယ်။
6 years Ago
Up