အေဇက်အယ်လ်ခမာအသင်းမှာ ကစားနေတဲ့ အီရန်တိုက်စစ်မှူး အလီရက်ဇာ ဂျာဟန်ဘက်ရှ်ကို ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းက ခေါ်ယူလိုက်ပါတယ်။
၂ဝ၁၈ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ အဲဒီတိုက်စစ်မှူးကို ပေါင်သန်း ၂ဝ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
နယ်သာလန်လိဂ်မှာ အယ်လ်ခမာအသင်းအတွက် ၂၁ ဂိုး သွင်းယူထားတဲ့ အလီရက်ဇာဟာ ကမ္ဘာ့ဖလားမှာလည်း အီရန်အသင်းအတွက် ၃ ပွဲစလုံး ပါဝင်ကစားပေးခဲ့ပြီး ပရိသတ် မျက်စိကျတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။
သူ့အနေနဲ့ ဘရိုက်တန်အသင်းရဲ့ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
5 years Ago