အီရန်ကလေးငယ်

February 7, 2017

ပြည်ဝင်ခွင့်တားဆီးခံရပြီးမှ ပြန်လည်ပယ်ဖျက်ပေးမှုကြောင့် မျက်စိခွဲမည့် အီရန်ကလေးငယ် အမေရိကန် ရောက်ရှိ

သမ္မတ ထရမ့်ရဲ့ အမိန့်သစ်ကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့ အသက် ၁၂ နှစ်အရွယ် အီရန်နိုင်ငံက မိန်းကလေးငယ်ဟာ အရေးပေါ် မျက်စိခွဲစိတ်ကုသဖို့အတွက် ဖေဖော်ဝါရီ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ (John F. Kennedy) လေဆိပ်ကို ရောက်ရှိလာပါတယ်။ အသက် ၁၂ နှစ်အရွယ်ရှိ အာလ်မာ ခါရှ်ကူလီဟာ အမေရိကန်မှာပဲလုပ်နိုင်တဲ့ အရေးပေါ် မျက်စိခွဲစိတ်ကုသမှုအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြည်ဝင်ခွင့်ဗီဇာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်ရဲ့ အမိန့်သစ်ကြောင့် အမေရိကန်ကို ဝင်ခွင့်မရဘဲ တားဆီးခံခဲ့ရပါတယ်။ အဲဒီ့နောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဆီးတဲလ်ခရိုင် တရားသူကြီးက အမိန့်ကို ပယ်ဖျက်ပေးလိုက်တဲ့အတွက် အခု ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ အာလ်မာရဲ့မိခင်ဟာ လောလောဆယ် အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားနေပြီး အမေရိကန်ကို ပြန်ဝင်ခွင့်မရမှာ စိုးရိမ်တဲ့အတွက် သမီးငယ်ရှိရာ အီရန်နိုင်ငံကို လိုက်မသွားနိုင်ဘဲ ဖြစ်နေခဲ့ရတာပါ။ အခု ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ သားအမိ ၂ ဦး ဝမ်းသာစွာ ပြန်ဆုံတွေ့ကြပြီး သမီးငယ်ရဲ့မျက်စိကို အမြန်ဆုံး ခွဲစိတ်ကုသဖို့ စီစဉ်နေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up