အီရတ်ဝန်ကြီးချုပ်

September 13, 2021

နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် အီရတ်ဝန်ကြီးချုပ်နှင့် အီရန်သမ္မတ ပူးတွဲကြေညာ

အီရန်နဲ့ အီရတ် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး အားဖြည့်ဖို့ အရေးကြီးတယ်လို့ အီရတ်ဝန်ကြီးချုပ်နဲ့ အီရန်သမ္မတ နှစ်ယောက်လုံးတို့က စက်တင်ဘာ ၁၂ ရက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲအတွင်း အီရတ်ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့အတွက် အီရန်ကို ကျေးဇူးတင်ကြောင်း အီရတ်ဝန်ကြီးချုပ် မူစတာဖှာအယ်လ်ခါဒီမီက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“ခါဒီမီဟာ သြဂုတ်လအစောပိုင်းက အာဏာရလာတဲ့ အီရန်သမ္မတ အီဘရာဟင်မ်ရိုင်စီထံကို လာရောက်လည်ပတ်တဲ့ ပထမဆုံးကမ္ဘာ့ခေါင်းဆောင် ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ ရန်သူတွေ ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ပြီး အီရန်နဲ့ အီရတ် ဆက်ဆံရေးကို မတူခြားနားတဲ့ နယ်ပယ်တွေမှာ တိုးချဲ့နိုင်တယ်၊ ဆက်ဆံရေးတိုးချဲ့မှုဟာ နှစ်နိုင်ငံကြားမှာ အကန့်အသတ်ထားမှာ မဟုတ်ဘူး” လို့ အီရန်သမ္မတ ရိုင်စီက ပြောပါတယ်။

အီရတ်အစိုးရဟာ အီရန်နဲ့ ဆော်ဒီအာရေဗျ အပါအဝင် ပင်လယ်ကွေ့ဒေသ ပြိုင်ဘက် အာရပ် နိုင်ငံတွေကြားမှာ ဖျန်ဖြေပေးဖို့ ကြိုးစားနေတာပါ။

အီရတ်ဟာ အီရန်က တဖက် အမေရိကန်၊ အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေက တဖက် ပြိုင်ဆိုင်ရာ ကစားကွင်း ဖြစ်လာနေတာပါ။

အီရန်နဲ့ အီရတ် ပြည်သူ့စစ်ခေါင်းဆောင်တွေ လုပ်ကြံခံရမှုနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ကြားမှာ ညပ်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

1 month Ago

July 22, 2020

အီရတ်မြေပေါ်မှ အီရန်အပေါ်ခြိမ်းခြောက်တာမျိုးကို ခွင့်မပြုဟု အီရတ်ဝန်ကြီးချုပ်ပြော

အီရတ်မြေပေါ်ကနေ အီရန်အပေါ်ခြိမ်းခြောက်တာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အီရတ်ဝန်ကြီးချုပ် မူစတာဖာ အာရ်ခါဒီမီက  အီရန်ခရီးစဉ်အတွင်း ဇူလိုင် ၂၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီနဲ့အတူ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခါဒီမီက ရန်သူတော်ဟောင်း  အီရန်နဲ့ အမေရိကန်တို့အကြားမှာ စစ်မြေပြင် မဖြစ်လိုတဲ့ အီရတ်ရဲ့  စိုးရိမ်ပူပန်မှုကို အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။  ဒေသတွင်း ပြောင်ပြောင်တင်းတင်း ပဋိပက္ခ ဖြစ်ဖို့ နီးစပ်လာတဲ့ အီရန်နဲ့ အမေရိကန်ကြားမှာ  အီရတ်ဝန်ကြီးချုပ်ဟာ  ဘက်မျှအောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။  ပြည်တွင်းမှာတော့ သူ့ကို အမေရိကန် ဘက်လိုက်တယ်လို့ ထင်မြင်နေတဲ့ အီရန် မဟာမိတ် ပါတီတွေ၊ စစ်ရဲအုပ်စုတွေရဲ့ ဖိအားကို  ဝန်ကြီးချုပ် ခါဒီမီဟာ  ရင်ဆိုင်နေရပါတယ်။ အကြောင်းကတော့ အီရန်ကျောထောက်နောက်ခံ စစ်သွေးကြွတွေနဲ့ နိုင်ငံရေး အုပ်စုတွေရဲ့ အာဏာကို ထိန်းချုပ်လိုတယ်ဆိုပြီး ခါမီဒီက ပြောဆိုထားလို့ပဲ ဖြစ်ပါတယ်။ ခါမီဒီ ဝန်ကြီးချုပ်ရာထူး လက်ခံပြီး ပထမ နှစ်လ အတွင်းမှာပဲ  အီရတ်လုံခြုံရေး တပ်ဖွဲ့တွေက စစ်သွေးကြွတွေကို နှစ်ကြိမ် စီးနင်းဖမ်းဆီးခဲ့ပေမယ့် ထိန်းသိမ်းထားသူ အများစုကို ချက်ချင်းပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
1 year Ago
More News
Up