အီရတ်တပ်ဖွဲ့

A d v e r t i s e m e n t With Us

March 14, 2020

လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့သည့် လေဆိပ်ကို အီရတ်တပ်ဖွဲ့ စစ်ဆေး

အီရတ်နိုင်ငံ  ရှီးယိုက်မြို့ ကာဘာလာမှာ တည်ဆောက်ဆဲ လေဆိပ်တခုကို  အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။  လေကြောင်း တိုက်ခိုက်ပြီးနောက် မတ်လ ၁၃ ရက်က  အီရတ်တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။    အမေရိကန် လေကြောင်းတိုက်ခိုက်မှုကို  အီရတ်စစ်တပ်က ပြစ်တင်ရှုတ်ချလိုက်ပြီး  ဒါဟာ အီရတ်ရဲ့ အချုပ်အခြာကို ထိပါးတာ၊ နိုင်ငံရဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။  တိုက်ခိုက်ခံရတဲ့ အရပ်ဘက်လေဆိပ်ကို ဘာသာရေးအဖွဲ့တစ်ခုက ရန်ပုံငွေ ထောက်ပံ့ပြီး တိုက်ခိုက်မှုမှာ ဆောက်လုပ်ရေးလုပ်သား တယောက် သေဆုံးခဲ့ပါတယ်။  ဒီလေကြောင်းတိုက်ခိုက်မှုဟာ အမေရိကန် တပ်ဖွဲ့ဝင်နှစ်ယောက်နဲ့ ဗြိတိန်စစ်သား တယောက် သေဆုံးတဲ့ ပထမနေ့ ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန်တာ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောခဲ့ပါတယ်။  အမေရိကန် လေကြောင်းတိုက်ခိုက်မှုဟာ ခါတာအိဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေ အသုံးပြုတဲ့ လက်နက်သိုလှောင်ရုံ ၅ ခုကို ပစ်မှတ်ထားခဲ့တယ်လို့ ပင်တဂွန်က ဆိုပါတယ်။  အဲဒီထဲမှာ အမေရိကန်ညွန့်ပေါင်းအဖွဲ့ကို တိုက်ခိုက်တုန်းက သုံးခဲ့တဲ့ လက်နက်တွေထားရာ နေရာလည်း ပါဝင်တယ်လို့ ပင်တဂွန်က ပြောခဲ့ပါတယ်။
12 months Ago
Up