အီရတ်ဆန္ဒပြသမားများ

November 5, 2019

အီရတ်ဆန္ဒပြသမားများက  အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မီးရှို့ 

အီရတ်နိုင်ငံက ဆန္ဒပြသူတွေဟာ အီရတ်ဘာသာရေး အထွတ်အမြတ်မြို့ ခါဘာလာရှိ အီရန်ကောင်စစ်ဝန်ရုံးကို နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး တာယာတွေကို မီးရှို့ခဲ့ပါတယ်။  အီရန်တွေ ထွက်သွား၊ ခါဘာလာက လွတ်လပ်နေဆဲပဲ စတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ကြပါတယ်။ နိုင်ငံရေးရေပေါ်ဆီတွေ ကျဆုံးရေး တောင်းဆိုရင်း မြို့တော်တွင်း လမ်းတွေပေါ်မှာ ထောင်သောင်းချီတဲ့ အီရတ် ပြည်သူတွေ ဆန္ဒပြနေတာပါ။ ဒါဟာ ဆက်ဒမ်ဟူစိန် ကျဆုံးပြီးတည်းက အစိုးရ ဆန့်ကျင်ရေး အကြီးဆုံး ပြည်လုံးကျွတ် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ဒေသတွင်း သြဇာလွှမ်းနိုင်ဖို့ အီရတ်ကို ကြားခံအဖြစ် အမေရိကန်ကရော အီရန်ကပါ သုံးနေပြီး နိုင်ငံရေး လူတန်းစားတွေကလည်း အီရန်ကိုရော အမေရိကန်ကိုပါ ခယအောက်ကျို့နေတယ်လို့ ဆန္ဒပြသူ အများအပြားက ရှုမြင်ထားပါတယ်။ အီရတ်မှာ ရေနံကြွယ်ဝပေမယ့် လူအများအပြားက ဆင်းရဲမွဲတေနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေ၊ လျှပ်စစ်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးကို လက်လှမ်းမီမှုက အကန့်အသတ်နဲ့ ရှိနေတာပါ။ ဝန်ကြီးချုပ် အဒဲ အဘ်ဒူ မာဒီရဲ့ အစိုးရကလည်း ဆန္ဒပြပွဲတွေကို တုံ့ပြန်မှု တစုံတရာ မလုပ်သေးပါဘူး။
2 years Ago
Up