အီရတ် စစ်တပ်ဂိတ်ဝအနီး အသေခံကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၇ ဦး သေဆုံး

March 31, 2017

အီရတ် စစ်တပ်ဂိတ်ဝအနီး အသေခံကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၇ ဦး သေဆုံး

မတ် ၂၉ ရက်နေ့က အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်တောင်ပိုင်းရှိ စစ်တပ်ဂိတ်ဝအနီးမှာ အသေခံကားဗုံးဖောက်ခွဲမှုတခုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပြီး အယောက် ၆၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ကားတွေက တန်းစီပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်ဖို့ စောင့်နေတဲ့အချိန်မှာ ဖောက်ခွဲခဲ့တာကြောင့် အနီးအနားက ကားတွေကိုပါ မီးလောင်ကျွမ်းခဲ့ပါတယ်။ အခုချိန်ထိ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ မိုဆူးလ်မြို့မှာရှိတဲ့ သူတို့ရဲ့ နောက်ဆုံးခံတပ်ကနေ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ ဒီအသေခံဖောက်ခွဲမှု ဖြစ်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်က စတင်သိမ်းယူခဲ့တဲ့ အီရတ်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသ နယ်မြေတွေကို ပြန်လည်ဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာ အိုင်အက်စ်အဖွဲ့ဟာ နေရာတော်တော်များများမှာ ဗုံးဖောက်ခွဲမှုတွေ လုပ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up