အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်စခန်းများကို အမေရိကန် လေကြောင်းထိုးစစ်ဆင်

A d v e r t i s e m e n t With Us

May 18, 2016

အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်စခန်းများကို အမေရိကန် လေကြောင်းထိုးစစ်ဆင် (ရုပ်သံ)

အမေရိကန်စစ်တပ်နဲ့ မဟာမိတ်တွေဟာ အီရတ်နဲ့ ဆီရီးယားမှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့ရဲ့ စခန်းတွေကို လေကြောင်းထိုးစစ် ဆင်နေပါတယ်။ အမေရိကန် ကာကွယ်ရေးဌာနက ပြီးခဲ့တဲ့ မေ ၁၅ နဲ့ ၁၆ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ သတင်းဗွီဒီယိုအရ မဟာမိတ်တပ်ပေါင်းစုက အီရတ်နိုင်ငံ ဖာလူဂျာနဲ့ ဆီးရီးယားနိုင်ငံ မာရာဒေသတို့မှာရှိတဲ့ အိုင်အက်စ်စခန်းတွေကို လေကြောင်းကနေ ထိုးစစ်ဆင်နေတာကို ရိုက်ကူးထားပါတယ်။ အိုက်အက်စ်အဖွဲ့ဟာ ဒီတနှစ်အတွင်းမှာ နယ်မြေသစ်တွေကို မသိမ်းနိုင်ဘဲ ဒီဇင်ဘာလကစလို့ သိမ်းထားတဲ့ နယ်မြေတွေကို ပြန်ဆုံးရှုံးနေရပါတယ်။ အိုင်အက်စ်အဖွဲ့ဟာ အခုအထိတော့ အီရတ်နိုင်ငံ မိုဆူးလ်မြို့နဲ့ ဆီးရီးယားနိုင်ငံ ရက္ကာမြို့တို့ကို သိမ်းထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ မြို့တော် ပါရီက တိုက်ခိုက်မှုနဲ့ မတ်လက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်က တိုက်ခိုက်မှုတွေကို အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။
5 years Ago
Up