အီရတ်နိုင်ငံ မိုဆဲလ်မြို့အနီးတွင် အိုင်အက်စ်က လူ ၈၀ ကို သတ်ဖြတ်

January 11, 2016

အီရတ်နိုင်ငံ မိုဆဲလ်မြို့အနီးတွင် အိုင်အက်စ်က လူ ၈၀ ကို သတ်ဖြတ်

အီရတ်နိုင်ငံ၊ မိုဆဲလ်မြို့အနီးမှာ အိုင်အက်စ် အကြမ်းဖက်အုပ်စုဟာ လူ ၈၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဇန်န၀ါရီ ၉ ရက်နေ့က ဖော်ပြကြပါတယ်။ “သတ်ဖြတ်ခံခဲ့ရသူတွေဟာ အရင်က ရဲတွေ၊ စစ်သားတွေ ဖြစ်ခဲ့ကြပြီး သူတို့ရဲ့ အတွေးအခေါ်ကို လက်မခံတဲ့အတွက် သတ်ဖြတ်ခံခဲ့ရတာပါ” လို့ ဒေသတွင်း သတင်းရင်းမြစ်တဦးက အယ်လ်ဆူမာရီယာ ရုပ်သံသတင်းဌာနကို ပြောပါတယ်။ သူတို့ကို လက်မရွံ့တပ်သားတွေက ဂါဇာလ်နီ စစ်တပ်အခြေစိုက်စခန်းမှာ ဇန်န၀ါရီ ၉ ရက် နေ့လယ်ပိုင်းမှာ ပစ်သတ်ခဲ့ကြတာပါ။ အိုင်အက်စ် အကြမ်းဖက်အုပ်စုဟာ ၂၀၁၄ ခုနှစ်၊ ဇွန်လကတည်းက အီရတ်နိုင်ငံ မြောက်ပိုင်း မြို့တော် မိုဆဲလ်ကို သိမ်းပိုက်ခဲ့ပြီး ခုချိန်မှာတော့ အိုင်အက်စ်အခြေစိုက်စခန်းမြို့ ဖြစ်လာခဲ့တယ်လို့ sputniknews သတင်းမှာ ဖော်ပြပါတယ်။
7 years Ago
Up