အီရတ်ရွေးကောက်ပွဲ

May 13, 2018

အီရတ်ရွေးကောက်ပွဲ မဲပေးသူအရေအတွက် ယခင်နှစ်များထက် လျော့နည်း

  အီရတ် ရွေးကောက်ပွဲမှာ မဲပေးနိုင်သူတွေရဲ့ ၄၄ ဒသမ ၅၂ ရာခိုင်နှုန်းမဲပေးခဲ့ကြပြီး အရင်နှစ်တွေကထက် သိသိသာသာ လျော့နည်းခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ မေလ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ အီရတ် လွှတ်တော်ရွေးကောက်ပွဲ အတွက် တရားဝင်မဲရလဒ်ကို မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပေမယ့် မဲရလဒ်အငြင်းပွားမှုတွေကြောင့် နှောင့်နှေးမှုရှိနိုင်ပါတယ်။ KDP ပါတီကတော့ နေရာအနှံ့ သောင်ပြိုကမ်းပြိုနိုင်တယ်လို့ ကြေညာထားပါတယ်။ ဆူလိုင်မနီမြို့က မဲရလဒ်ကိုလည်း လက်မခံနိုင်ဘဲ ပြန်လည်ရေတွက်ပေးဖို့ KDP က တောင်းဆိုထားပါတယ်။ အီရတ် အထွေထွေရွေးကောက်ပွဲမှာ တရားမ၀င်သေးတဲ့ မဲရလဒ်တွေအရ ၀န်ကြီးချုပ်ဟောင်း နောရီအယ်မယ်လီကီက အသာရနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက ဘဂ္ဂဒက်မြို့က မြို့နယ်တွေနဲ့ တခြားမြို့တွေဟာ မဲပေးတဲ့ အရေအတွက် တိုးလာတယ်လို့ အတည်ပြုခဲ့ပါတယ်။ “စုစုပေါင်း မဲအရေအတွက်က ၂၄ သန်းကျော်ပါ။ မဲရုံအားလုံးရဲ့ ၉၂ ရာခိုင်နှုန်းကို ရေတွက်ပြီးပါပြီ။ မဲရုံကတော့ စုစုပေါင်း ၅ သောင်း ၅ ထောင်ကျော်ရှိပါတယ်” လို့ ရွေးကောက်ပွဲကောက်မရှင် အကြီးအကဲက ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုတွေရှိနေတယ်လို့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပြီး အထူးသဖြင့် ကာ့ဒ်ဒေသနဲ့ အငြင်းပွား နယ်မြေတွေမှာ မဲလိမ်လည်မှုစွပ်စွဲချက်တွေ အများဆုံး ရှိနေပါတယ်။ အနောက်နိုင်ငံတွေကတော့  အီရတ်ရွေးကောက်ပွဲကို အပြုသဘောဆောင်တဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။
3 years Ago
Up