အီရတ်ခေါင်းဆောင်

A d v e r t i s e m e n t With Us

June 30, 2019

အီရတ်ခေါင်းဆောင်များနှင့် ကုလလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ UNSC က ကိုယ်စားလှယ် တဖွဲ့ဟာ အီရတ်မြို့တော် ဘဂ္ဂဒက်မှာ အီရတ် ခေါင်းဆောင်တွေနဲ့ ဇွန်၂၉ ရက်က တွေ့ဆုံပါတယ်။ အီရတ် အစိုးရကတော့ သမိုင်းဝင်တွေ့ဆုံမှုလို့ ရည်ညွန်းပြောဆိုပါတယ်။ UNSC ကိုယ်စားလှယ်အဖွဲ့ဟာ အီရတ်သမ္မတ ဘာဟမ်ဆာလီ၊ ဝန်ကြီးချုပ် အဘ်ဒယ်အဗ်ဒူမာဒီနဲ့ တခြား အီရတ် အရာရှိတွေနဲ့ တွေ့ဆုံပါတယ်။ ဒီအလည်အပတ်ခရီးဟာ တကမ္ဘာလုံးက နိုင်ငံတွေနဲ့ ချိတ်ဆက်မှု တိုးမြှင့်နေတဲ့ အီရတ်အစိုးရရဲ့ အားထုတ်မှု အစိတ်အပိုင်းလို့ အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။
2 years Ago
Up