အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များ အမေရိကန် လေကြောင်းတိုက်ခိုက်မှု ရုပ်သံ ဖြန့်ချိ

A d v e r t i s e m e n t With Us

August 26, 2016

အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များ အမေရိကန် လေကြောင်းတိုက်ခိုက်မှု ရုပ်သံ ဖြန့်ချိ

အမေရိကန်နဲ့ မဟာမိတ်တွေက အီရတ်နိုင်ငံတွင်း အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်နေတဲ့ ရုပ်သံကို အမေရိကန် ကာကွယ်ရေးဌာနက သြဂုတ် ၂၄ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ မြို့တော်ဘဂ္ဂဒက်မြောက်ပိုင်း မိုင် ၂၅၀ အကွာက မိုဆူးလ်မြို့နားမှာ အီရတ်စစ်တပ်နဲ့ ကာဒစ်ရှ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပဲ့ရှ်မာဂါတပ်တွေက တဖြည်းဖြည်း နေရာယူ သိမ်းပိုက်လာနေပါတယ်။ သြဂုတ် ၉ ရက်နေ့က တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပုံကို ရုပ်သံက ပြထားပါတယ်။ အီရတ်တပ်တွေဟာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု ပစ်ကူ ရနေတာပါ။ အိုင်အက်စ်တွေဟာ ရေနံရောင်းချသူများအဖွဲ့ အိုပက်အဖွဲ့ဝင် အီရတ်နိုင်ငံရဲ့ ပိုင်နက် ၃ ပုံ ၁ ပုံကို ၂၀၁၄ က သိမ်းပိုက်ထားခဲ့တာပါ။ ခုတော့ အီရတ်တပ်တွေက နယ်မြေအများအပြားကို ပြန်သိမ်းနေပြီ ဖြစ်ပေမယ့် အိုင်အက်စ်တွေဟာ မိုဆူးလ်မြို့ကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
5 years Ago
Up