အီရတ်ရှိ အိုင်အက်စ်စခန်း ၁၆ ခုကို အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ တိုက်ခိုက်

A d v e r t i s e m e n t With Us

March 22, 2016

အီရတ်ရှိ အိုင်အက်စ်စခန်း ၁၆ ခုကို အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ တိုက်ခိုက် (ရုပ်သံ)

အမေရိကန်နဲ့ မဟာမိတ်တွေက အီရတ်မှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အမည်ခံ စစ်သွေးကြွအဖွဲ့ရဲ့ စခန်း ၁၆ ခုကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ပစ်မှတ် ၃ ခုက ဟစ်မြို့အနီးမှာဖြစ်ပြီး အိုင်အက်စ်အဖွဲ့ရဲ့ ဗျူဟာစခန်းတွေနဲ့ ဗျူဟာမြောက် ယာဉ်တန်းတွေကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ကီဆစ်နဲ့ မိုဆိုးလ်မြို့မှာလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ဗျူဟာမြောက် စခန်းတွေနဲ့ ထောက်ပို့စခန်းတွေကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ အီရတ်ဘက်က လေကြောင်းထိုးစစ်တွေဖြစ်ပြီး ဆီးရီးယားဘက်မှာ လေကြောင်းထိုးစစ်ဆင်တဲ့ သတင်းတွေတော့ ထွက်ပေါ်မလာပါဘူး။
5 years Ago
Up