အီရတ်တွင် အသေခံဗုံးခွဲမှု ၂ ခုကြောင့် အနည်းဆုံး လူ ၃၁ ဦးသေဆုံး

A d v e r t i s e m e n t With Us

February 29, 2016

အီရတ်တွင် အသေခံဗုံးခွဲမှု ၂ ခုကြောင့် အနည်းဆုံး လူ ၃၁ ဦးသေဆုံး

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်က ရှီးယိုက်မွတ်စလင်တွေ အများဆုံးနေတဲ့ စာဒါခရိုင်မြို့မှာ အသေခံ ဗုံးခွဲမှု ၂ ခုကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့တယ်၊ တခြား လူအယောက် ၆၀ ကျော် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ဖေဖော်ဝါရီ ၂၈ ရက်က ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ မော်တော်ဆိုင်ကယ်စီး အသေခံ ဗုံးခွဲသမားတွေဖြစ်ပြီး လက်ကိုင်ဖုန်းရောင်းတဲ့ လူထူတဲ့ ဈေးထဲကို မောင်းဝင်လာခဲ့တာလို့ ရဲသတင်းရင်းမြစ် ၂ ရပ်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ သွေးအိုင်တွေ၊ ဖိနပ်ပေါင်းစုံနဲ့ လက်ကိုင်ဖုန်းတွေ ပြန့်ကျဲနေပြီး အဲဒီနေရာကို နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်အောင် တားဆီးတဲ့အနေနဲ့ ပိတ်ထားတယ်လို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။ အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ ကြေညာချက်ထဲမှာတော့ အသေခံဗုံးခွဲသမား ၂ ဦးက တိုက်ခိုက်ခဲ့ပြီး ဘုရားအများအပြားရှိတာကို ယုံကြည်သူ ငြင်းပယ်ရေးဝါဒီဖြစ်တဲ့ ရာနဲ့ချီတဲ့ လူတွေကို သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ပြောထားပါတယ်။ ဒီစကားရပ်ဟာ အစွန်းရောက် အမာခံ ဆွန်နီမွတ်စလင်တွေက ရှီးယိုက်မွတ်စလင်တွေကို ရည်ညွှန်း သုံးနှုံးလေ့ရှိတဲ့ စကား ဖြစ်ပါတယ်။
5 years Ago
Up