အီရတ်တွင် လက်နက်သိုလှောင်ရုံ ပေါက်ကွဲမီးလောင် (ရုပ်သံ)

September 3, 2016

အီရတ်တွင် လက်နက်သိုလှောင်ရုံ ပေါက်ကွဲမီးလောင် (ရုပ်သံ)

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်ရဲ့ အရှေ့ပိုင်းက လက်နက်သိုလှောင်ရုံမှာ စက်တင်ဘာ ၂ ရက်နေ့က မီးလောင်မှုကြောင့် ပေါက်ကွဲခဲ့လို့ အိမ်နီးချင်း ခရိုင်တွေဆီ ဒုံးကျည်တွေ လွင့်ပျံထိမှန်ခဲ့ပါတယ်။ ဒါကြောင့် လူ ၄ ဦး သေဆုံးပြီး တခြားလူ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးရုံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်နက်တိုက်က လွင့်ထွက်လာတဲ့ ဒုံးကျည်တွေဟာ နေရာ ၈ ခုကို ထိမှန်ပြီး အိမ်တွေ၊ ဆိုင်တွေနဲ့ ကားတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဂျုံစက်ရုံတရုံကိုလည်း ထိမှန်ခဲ့လို့ ၂ နာရီကြာ မီးလောင်ခဲ့တယ်လို့ ရဲအရာရှိ တယောက်က ပြောပါတယ်။ ဒီလက်နက်သိုလှောင်ရုံကို ရှီးယိုက် အရန်တပ်ဖွဲ့ PMF က ပိုင်တာလို့ ရဲအရာရှိတယောက်က ပြောပါတယ်။ ဒီအဖွဲ့ဟာ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်တွေနဲ့ မဟာမိတ်ဖြစ်ပြီး အစွန်းရောက် ဆွန်နီ စစ်သွေးကြွ အိုင်အက်စ်တွေကို တိုက်နေတာပါ။ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ ၂၀၁၄ က စပြီး အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားပါတယ်။
5 years Ago
Up