တိုက်စစ်မှူးဒင်းနစ် ဘားကမ့်ဟာ အာဆင်နယ်သမိုင်းတလျှောက် အကောင်းဆုံးကစားသမားခေါ်ယူမှုဖြစ်တယ်လို့ အီယန်ရိုက်က သုံးသပ်ပါတယ်။
အီယန်ရိုက်ဟာ အာဆင်နယ်အသင်းမှာ ၁၉၉၁ ကနေ ၁၉၉၈ ခုနှစ်အထိ ကစားခဲ့ပြီး ဘားကမ့်နဲ့ တွဲဖက်ကစားခဲ့ဖူးသူပါ။
ဟော်လန်တိုက်စစ်မှူး ဘားကမ်ဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အာဆင်နယ်အသင်းမှာ ကစားခဲ့ပါတယ်။
အီယန်ရိုက်နဲ့ ဘားကမ့်တို့ဟာ အတူတွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပြီး ဘားကမ့်က အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို တွန်းတင်ပေးနိုင်ခဲ့သူဖြစ်လို့ အကောင်းဆုံးခေါ်ယူမှု ဖြစ်ခဲ့တယ်လို့ အီယန်ရိုက်က ပြောကြားသွားခဲ့တာပါ။
ဘားကမ့်ဟာ အလွန်အံ့အားသင့်စရာကောင်းတဲ့တိုက်စစ်မှူးဖြစ်ပြီး သူနဲ့ တွဲဖက်ကစားခဲ့ရလို့ ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။
တိုက်စစ်မှူး ဘားကမ့်ဟာ အာဆင်နယ်နဲ့ ပထမဆုံးရာသီမှာပဲ သွင်းဂိုး ၁၆ ဂိုးသွင်းယူခဲ့ပါတယ်။
အသင်းနဲ့ ၁၁ နှစ်ကြာ ကာလအတွင်းမှာ စုစုပေါင်း ဂိုး ၁၂၀ သွင်းယူခဲ့ပြီး ဆုဖလား ၁၀ လုံး ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
11 months Ago