အီယန်ရပ်ခ်ျ

March 25, 2015

လီဗာပူး သံတမန် အီယန်ရပ်ခ်ျ မြန်မာနိုင်ငံရောက်ရှိ (သတင်း ဓာတ်ပုံ)

အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီး လီဗာပူး ဘောလုံးကလပ်အသင်းက သံတမန် အီယန်ရပ်ခ်ျဟာ အရင်သီတင်းပတ်က မြန်မာနိုင်ငံကို လာရောက်သွားပါတယ်။ ခဏတာလာရောက်တဲ့ ခရီးစဉ်အတွင်းမှာ ဒေသခံ ပရိတ်သတ်တွေက ၀ိုင်းဝန်း နှုတ်ဆက်ခဲ့ကြ တယ်လို့ လီဗာပူးလ်အသင်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးပါတယ်။ ကလပ်အသင်းဟာ ဒေသတွင်း ကော်ဗရာ အင်အားဖြည့်အချိုရည်နဲ့ မိတ်ဖက်လုပ်ဆောင် ကြော်ငြာဖို့ အတွက် လာရောက်တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ နေရာတွေကို သွားရောက်လည်ပတ်ခဲ့သလို ဒီနေရာတွေက လီဗာပူး ပရိတ်သတ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ၁၉၈၀-၁၉၈၇နဲ့ ၁၉၈၈-၁၉၉၆ အထိ လီဗာပူးမှာ ကစားခဲ့တဲ့ အီယန်ရပ်ခ်ျဟာ အသင်းရဲ့ ဂန္တ၀င် ကစားသမားနဲ့ ၃၄၆ ဂိုးသွင်းပေးခဲ့တဲ့ ထိပ်သီး ဂိုးသွင်းရှင်တဦးလည်း ဖြစ်ပါတယ်။ [gallery ids="86888,86889,86890,86891,86892,86893,86894,86895,86896,86897"]
7 years Ago
Up