အီမန်နျူရယ်မာခွန်

A d v e r t i s e m e n t With Us

October 30, 2020

ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ခဲ့သည့် နိစ်မြို့ဘုရားကျောင်းအနီး လုံခြုံရေးတိုးမြင့်ချထားမည်

ပြင်သစ်နိုင်ငံ နိစ်မြို့ ဘုရားကျောင်းမှာ လူ ၃ ယောက် သေဆုံးတဲ့ ဓားနဲ့တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက်  ဘုရားကျောင်းနဲ့ ကျောင်းလို အဓိကကျတဲ့ နေရာတွေကို ကာကွယ်ဖို့ စစ်သားတွေ တိုးမြှင့်ချသွားမယ်လို့ သမ္မတ အီမန်နျူရယ်မာခွန်းက  အောက်တိုဘာလ ၂၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။  ဓားနဲ့ တိုက်ခိုက်သူက "ဘုရားသခင်သာ အမြတ်ဆုံ" လို့အော်ဟစ်ပြီး အမျိုးသမီးတစ်ယောက်ကို ခေါင်းဖြတ်ခဲ့ပါတယ်။ အဲဒီနောက် တခြားသူ နှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။  အခင်းဖြစ်ရာနေရာက လူတစ်ယောက်ကလည်း လွတ်လပ်မှုအပေါ် မြတ်နိုးမှု၊ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်ဆိုတဲ့ ပြင်သစ်ရဲ့ တန်ဖိုးတွေကြောင့် ပြင်သစ်ဟာ အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်မှုကို ခံနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။  နိစ်မြို့ ဘုရားကျောင်း တိုက်ခိုက်မှုကို ဗာတီကန် ကျောင်းတော်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျနဲ့ ကနေဒါ နိုင်ငံတို့ကလည်း ပြစ်တင်ရှုတ်ချခဲ့တယ်လို့ ရိုက်တာက တင်ပြထားပါတယ်။ 
3 months Ago
Up