အီဘိုလာရောဂါ

May 5, 2019

ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၉၉၄ ဦးရှိပြီ

ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၉၉၄ ယောက်ရှိလာပြီး နာရီပိုင်းအတွင်း လူအယောက် ၁၀၀၀ ကျော်အထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၃ ရက်က ပြောပါတယ်။ ကွန်ဂိုနိုင်ငံမှာ၂၀၁၈ သြဂုတ်လကတည်းက အီဘိုလာရောဂါ စတင်ပြန့်ပွားနေတာပါ။ လက်ရှိမှာ Johnson & Johnson ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ အီဘိုလာ ကာကွယ်ဆေးအသစ်ကို  ဖြန့်ဝေဖို့ WHO က စီစဉ်နေပါတယ်။ ကွန်ဂိုနိုင်ငံတွင်း ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေကြောင့် အီဘိုလာရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ  နှောင့်နှေးနေရတယ်လို့ WHO အဖွဲ့ရဲ့ အရေးပေါ် ကျန်းမာရေး ပရိုဂရမ်ဆိုင်ရာ အလုပ်အမှုဆောင် ဒေါက်တာ မိုက်ကယ် ရိုင်ယန်က ပြောပါတယ်။ လက်ရှိ ကွန်ဂိုနိုင်ငံရဲ့ ပြည်နယ်နှစ်ခုမှာ အီဘိုလာရောဂါ ဖြစ်ပွားနေပေမယ့် ပဋိပက္ခတွေကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို အနီးကပ်စောင့်ကြည့်ဖို့ ခက်ခဲနေပါတယ်။ အီဘိုလာရောဂါ ဖြစ်ပွားမှုဟာ တကမ္ဘာလုံးထိ ကူးစက်ပြန့်ပွားဖို့ အလားအလာ နည်းပေမယ့် ကွန်ဂိုရဲ့ အိမ်နီးချင်းနိုင်ငံတွေကိုတော့ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ WHO အဖွဲ့က ပြောပါတယ်။
2 years Ago

August 20, 2018

ယူဂန္ဓာတွင် သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ကူးစက်မှု တွေ့ရှိ

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းမှာ သံသယဖြစ်ဖွယ် အီဘိုလာကူးစက်မှု တွေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက အခြေအနေကို စောင့်ကြည့်နေပါတယ်။ အီဘိုလာ ရောဂါလက္ခဏာဆန်ဆန် လူနာတဦးကို တွေ့ရှိထားပြီး သူ့အခြေအနေမှန်ကို သိရှိဖို့ ဓာတ်ခွဲခန်းအဖြေကို စောင့်နေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီလူနာ သီးသန့်ထားရာနေရာနဲ့ ကီလိုမီတာ အနည်းငယ်အကွာ ယူဂန္ဓာနဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ရဲ့ နယ်စပ်ဝင်ပေါက် ဘန်ဆန်ဂါမှာလည်း ရောဂါရှာဖွေ စစ်ဆေးတာတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေပါတယ်။ အဲဒီ ဘန်ဆန်ဂါနယ်စပ် ဝင်ပေါက်ဟာ အီဘိုလာရောဂါဖြစ်ပွားရာ  ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ ဘီနီဒေသနဲ့ ကီလိုမီတာ ၁ဝဝ ခန့်အကွာမှာ ရှိနေပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ဖြစ်ပွားသူ ၅၇ ဦးရှိပြီး ၄၁ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up