အီဘိုလာဗိုင်းရပ်စ်

A d v e r t i s e m e n t With Us

April 13, 2020

အီဘိုလာဗိုင်းရပ်စ် ဆေးတမျိုး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အသုံးဝင်လာနိုင်ဟုဆို

အီဘိုလာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဖန်တီးခဲ့တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးတမျိုးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရေးမှာလည်း အသုံးဝင်နိုင်တဲ့ အလားအလာကောင်းတွေ တွေ့ရှိထားတယ်လို့ သိရပါတယ်။  စမ်းသပ်မှုတခု လုပ်ဆောင်ခဲ့ပြီးနောက် အခုလို တွေ့ခဲ့ရတာဖြစ်ပြီး ဒီဆေးကို Gilead Sciences က ဖန်တီးခဲ့တာပါ။ Remdesivir လို့ ခေါ်တဲ့ဆေးဟာ ရောဂါပြင်းထန်နေတဲ့ COVID–19 လူနာအုပ်စုရဲ့ တဝက်လောက်မှာ တိုးတက်မှုတွေ ရှိစေခဲ့တာကို တွေ့ခဲ့ရတယ်လို့ New England Journal of Medicine မှာ ဖော်ပြထားပါတယ်။ ဒါဟာ Remdesivir ဆေးဟာ ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှာ ပထမဆုံးစမ်းသပ်မှုလည်း ဖြစ်ပါတယ်။  ဒီဆေးဟာ အရင်တုန်းကလည်း တခြား ကိုရိုနာဗိုင်းရပ်စ်ဗီဇတွေကို ကုသရာမှာ အသုံးဝင်နိုင်တယ်ဆိုတဲ့ အလားအလာတွေကို ပြသခဲ့ဖူးပါတယ်။  ဒါပေမဲ့ ဆေးဟာ COVID–19 ကူးစက်ခံရသူတိုင်းမှာ ကောင်းမွန်တဲ့ လက္ခဏာတွေ ပြသတာမျိုးတော့ မဟုတ်ပါဘူး။ လက်ရှိအချိန်အထိတော့ ဆိုးရွားတဲ့ COVID–19 ရောဂါ ကိုကုသဖို့အတွက် ဆေးဝါးကို တရားဝင်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။  Remdesivir ဆေးနဲ့ပတ်သက်တဲ့ စမ်းသပ်မှုကို သောကြာနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး စမ်းသပ်မှုမှာ အမေရိကန်၊ ဥရောပ၊ ကနေဒါနဲ့ ဂျပန်နိုင်ငံတို့က ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက် ကုသနေရတဲ့အသက် ၂၃ နှစ် ကနေ ၈၂ နှစ်အတွင်းလူနာ ၅၃ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
11 months Ago
Up