အီဘာကို ရီးရဲလ်က ၄ ဂိုးပြတ် အနိုင်ရရှိ၊ ဘာစီလိုနာ ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

April 10, 2016

အီဘာကို ရီးရဲလ်က ၄ ဂိုးပြတ် အနိုင်ရရှိ၊ ဘာစီလိုနာ ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဧပြီ ၉ ရက်နေ့ညက စပိန်လာလီဂါပွဲစဉ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်က အီဘာကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ရီးရဲလ်ဆိုစီဒက်ကို ရှုံးနိမ့်သွားပါတယ်။ ရီးရဲလ်နဲ့ အီဘာတို့ ပွဲမှာတော့ အိမ်ရှင်အသင်းက တဖက်သတ် ဘောလုံးအသားစီးရယူ ကစားခဲ့ပြီး ၄ ဂိုးပြတ် အနိုင်ရရှိသွားတာဖြစ်ပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ဂျိမ်းရိုဒရီဂွက်ဇ်၊ လူးကပ်၊ ရိုနယ်ဒိုနဲ့ ဂျက်ဆီတို့က ပထမပိုင်းမှာတင် ၄ ဂိုးလုံးသွင်းယူခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၇၂ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အီဘာအသင်းကတော့ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၀ မှာရှိပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက ဘာစီလိုနာကတော့ အဝေးကွင်းမှာ အိမ်ရှင် ရီးရဲလ်ဆိုစီဒက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးလိုက်ရပါတယ်။ ရီးရဲလ်ဆိုစီဒက်အတွက် အနိုင်ဂိုးကိုတော့ ပွဲစစချင်း ၅ မိနစ်မှာပဲ Mikel Oiarzabal က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲရှုံးနိမ်သွားပေမယ့် ရမှတ် ၇၆ မှတ် အမှတ်ပေးဇယား အဆင့် ၁ မှာ ဆက်လက်ရပ်တည်နေပါတယ်။ ရီးရဲလ်ဆိုစီဒက်ကတော့ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up