အီဘာ

March 7, 2016

အီဘာကိုနိုင်ပြီး ဘာစီလိုနာ ၃၆ ပွဲ ရှုံးပွဲမရှိစံချိန် ဆက်ထိန်း (ရုပ်သံဟိုက်လိုက်)

မတ် ၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုးတွေနဲ့ အီဗာအသင်းကို ၄ ဂိုးပြတ် အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ ဘာစီလိုနာဟာ ၃၆ ပွဲအထိ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘာကာအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာ ဟတ်ဒါဒီက သွင်းယူပါတယ်။ ဒုတိယဂိုးကို ၄၁ မိနစ်မှာ မက်ဆီက သွင်းယူပါတယ်။ ဘာကာဟာ ကစားနေကြ ပုံစံအတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ တတိယဂိုးကို မက်ဆီရဲ့ ထိုးဖောက်မှုကနေတဆင့် ပင်နယ်တီကနေ ရသွားပါတယ်။ အဲဒီပင်နယ်တီကို မက်ဆီကပဲ အမှားအယွင်းမရှိ သွင်းယူပါတယ်။ ဒီဂိုးဟာ မက်ဆီအတွက် ဒီရာသီထဲမှာ သွင်းတဲ့ ၂၁ ဂိုးမြောက်လည်း ဖြစ်ပါတယ်။ အပိတ်ဂိုးကို တိုက်စစ်မှူး ဆွာရက်က ၈၄ မိနစ်မှာ သွင်းယူပါတယ်။ နိုင်ပွဲဆက်တဲ့ ဘာကာက အမှတ်ပေးဇယားမှာ ၇၂ မှတ်နဲ့ ဦးဆောင်နေပြီး  ဒုတိယနေရာကအသင်းကို ၈ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။
6 years Ago

November 30, 2015

စပိန်လာလီဂါပွဲစဉ် အီဘာ ၀ - ၂ ရီးရဲလ်မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ် ၁၃ မှာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်က အီဘာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့တပတ်မှာ ပြိုင်ဘက် ဘာစီလိုနာကို ၄ ဂိုးပြတ်နဲ့ ရှုံးထားလို့ နည်းပြ ဘင်နီတက်ဇ်လည်း ဖိအားတွေအောက်မှာ ရုန်းကန်းခဲ့ရပါတယ်။ အဝေးကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ၄၃ မိနစ်မှာ တိုက်စစ်မှူး ဘေးလ်က သွင်းယူပါတယ်။ ဒီပွဲမှာ ရီးရဲလ်အသင်းက ဘောလုံးကိုင်ကစားသွားပြီး အီဘာက တန်ပြန်တိုက်စစ်တွေကို အသုံးပြု ယှဉ်ပြိုင်သွားပါတယ်။ ရီးရဲလ်အတွက် ဒုတိယဂိုးကို တဘက်နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီရခဲ့ပြီး အဲဒီပင်နယ်တီကို တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းယူပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ ရီးရဲလ်က ၂၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာရဲ့နောက် ၆ မှတ်အကွာနဲ့ ဒုတိယနေရမှာ ရပ်တည်နေပါတယ်။ အီဘာကတော့ အမှတ် ၂၀ နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။
6 years Ago
Up