အီဘရာဟီမိုဗစ်ခ်ျ၏ နောက်ကျသွင်းဂိုးဖြင့် ပဲလေ့စ်ကို မန်ယူ အနိုင်ရ

January 16, 2017

အီဘရာဟီမိုဗစ်ခ်ျ၏ နောက်ကျချေပဂိုးဖြင့် လီဗာပူးနှင့် သရေကျသည့် မန်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ ဇန်နဝါရီ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ မန်ယူဂိုးဧရိယာအတွင်း ပေါ့ဂ်ဘာ လက်ထိဘောဖြစ်တဲ့အတွက် ပယ်နယ်တီအပေးခံရပြီး လီဗာပူးကွင်းလယ်လူ မီလ်နာက အမှားအယွင်းမရှိ ကန်သွင်းကာ အဖွင့်ဂိုးရသွားပါတယ်။ မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်တွေမှာတော့ လီဗာပူးက အသာရခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် မန်ယူတိုက်စစ်မှူးတွေရဲ့ အပိုင်ကန်သွင်းချက်တချို့ ကာကွယ်ပေးနိုင်ခဲ့တဲ့ လီဗာပူးဂိုးသမားကို သတ်မှတ်ခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာတော့ မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲအပြီးမှာတော့ လီဗာပူးက ၄၅ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာ၊ မန်ယူက ရမှတ် ၄၀ နဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago

December 15, 2016

အီဘရာဟီမိုဗစ်ခ်ျ၏ နောက်ကျသွင်းဂိုးဖြင့် ပဲလေ့စ်ကို မန်ယူ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ဒီဇင်ဘာ ၁၄ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျရဲ့ နောက်ကျသွင်းဂိုး အပါအဝင် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် အဖွင့်ဂိုးကို ဒီရာသီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာက ပထမပိုင်းပွဲချိန်ပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အပြတ်အသာစီး ရခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာတော့ ပဲလေ့စ်ကစားသမားတွေ အပေးအယူလုပ်ပြီး မက်အာသာက အနီးကပ်ပိတ်သွင်းပြီး ချေပဂိုးရရှိသွားပါတယ်။ မန်ယူအတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ၈၈ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကတဆင့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူအတွက် ခြေစွမ်းပြပြီး ကိုယ်တိုင် တဂိုးသွင်းပေးသလို အနိုင်ဂိုးရဖို့ ဖန်တီးပေးခဲ့တဲ့ ပေါ့ဂ်ဘာကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ မန်ယူက ၂၇ မှတ်နဲ့ အဆင့် ၆ နေရာမှာပဲ ရပ်တည်နေပြီး ပဲလေ့စ်ကတော့ ၁၅ မှတ်နဲ့ အဆင့် ၁၆ မှာ ရှိနေပါတယ်။
5 years Ago
Up