အီဘရာဟီမိုဗစ်ခ်ျ

A d v e r t i s e m e n t With Us

February 16, 2018

မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျ အယ်လ်အေဂလက်စီသို့ ပြောင်းရန် အိမ်တလုံးရှာဖွေနေ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ အယ်လ်အေဂလက်ဆီ အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် လော့စ်အိန်ဂျလိစ်မြို့မှာ အိမ်တလုံး ရှာဖွေနေတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်ရှိ အီဗရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာရခဲ့ပြီးနောက် အသင်းနဲ့ တနှစ်စာချုပ်သက်တမ်း တိုးမြှင့်ထားတာပါ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက ကျေနပ်မှုမရှိတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ အီဗရာဟီမိုဗစ်ခ်ျကို မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဆီအသင်းက နှစ်အတော်ကြာ စောင့်ကြည့်နေတာဖြစ်ပြီး လာမယ့်နွေရာသီမှာ ခေါ်ယူမယ်လို့ ဆိုပါတယ်။ အယ်လ်အေဂလက်ဆီ နည်းပြကတော့ အီဗရာဟီမိုဗစ်ခ်ျဟာ မက်ဆီ၊ နေမာတို့လို ပုံရိပ်ကြီးတဲ့ ကစားသမားဖြစ်ပြီး အသင်းကို ရောက်လာမယ်ဆိုရင် အကျိုးကျေးဇူး အများကြီးရှိတယ်လို့ ဆိုပါတယ်။ အီဗရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းအတွက် ၄၆ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူခဲ့ပေမယ့် အခုနှစ် ရာသီမှာတော့ ၇ ပွဲပဲကစာပြီး ၁ ဂိုး သွင်းယူထားပါတယ်။
3 years Ago

August 25, 2017

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျကို မန်ယူ ပြန်လည်ခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းက ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျကို တနှစ်စာချုပ်နဲ့ ပြန်လည်လက်မှတ်ထိုး ခေါ်ယူလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကို ပြီးခဲ့တဲ့ရာသီမှာ မန်ယူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ တနှစ်ခေါ်ယူခဲ့ပြီး ပွဲပေါင်း ၄၆ ပွဲကစား၊ ၂၈ ဂိုး သွင်းယူပေးထားပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဒူးဒဏ်ရာရခဲ့တာကြောင့် မန်ယူအသင်းက သူ့အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ ဒဏ်ရာအခြေအနေ သက်သာ ပျောက်ကင်းလာတဲ့အတွက် မန်ယူက တိုက်စစ်မှူးကို ပြန်လည်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျရဲ့ အခြေအနေဟာ ပရီးမီးယားလိဂ် ရာသီတဝက်မှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူဟာ မန်ယူအသင်းကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုတွေ ရယူနိုင်အောင် ကူညီထားပါတယ်။
4 years Ago
More News
Up