အီဘရာဟီမိုဗစ်

September 17, 2018

တိုက်စစ်မှူး အီဘရာဟီမိုဗစ် သွင်းဂိုး ၅၀၀ ပြည့်

အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီအသင်းက ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ တိုရန်တိုအသင်းနဲ့ စက်တင်ဘာ ၁၅ ရက်နေ့ ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၅၀၀ ပြည့်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အယ်လ်အေဂလက်စီအသင်းက တိုရန်တိုကို ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်ဟောင်း တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ၄၃ မိနစ်မှာ အယ်လ်အေဂလက်စီအတွက် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ မေဂျာလိဂ်ကလပ် ဂလက်စီက သူတို့တိုက်စစ်မှူးရဲ့ ဂိုးပေါင်း ၅၀၀ ပြည့်တဲ့အတွက် ဂုဏ်ပြုတာတွေ လုပ်ခဲ့ပါတယ်။ သူ့ကစားသမားသက်တမ်းတလျှောက် ကစားတဲ့ ကလပ်တွေမှာ သွင်းတဲ့ဂိုးတွေကို သရုပ်ဖော်ပြီး ပြသခဲ့ပါတယ်။
3 years Ago

February 28, 2017

တိုက်စစ်မှူး အီဘရာဟီမိုဗစ် မန်ယူတွင် ဆက်နေရန် အသင်းဖော်များ ဆန္ဒရှိ

ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်အနေနဲ့ မန်ယူမှာ နောက်ထပ် ဘောလုံးရာသီ ၁ ရာသီ ဆက်ကစားဖို့ အားလုံးက ဆန္ဒရှိနေကြတယ်လို့ နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ဟာ မန်ယူအသင်းနဲ့ ၁ နှစ်စာချုပ် ချုပ်ဆိုထားတာ ဖြစ်တာကြောင့် ဒီနှစ် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာ ခြေစွမ်းပြ ဂိုးတွေသွင်းနေတာကြောင့် မန်ယူအသင်းဘက်က နောက်ထပ် ၁ နှစ် စာချုပ်ချုပ်ဆိုပြီး သက်တမ်းတိုးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အီဘရာဟီမိုဗစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ၃၈ ပွဲကစားထားပြီး ၂၆ ဂိုးအထိ သွင်းယူထားပါတယ်။
5 years Ago
More News
Up