အီဘရာဟီမိုဗစ်ခ်ျ ရရှိ

A d v e r t i s e m e n t With Us

November 23, 2016

၂၀၁၆ တနှစ်တာ ဆွီဒင်အကောင်းဆုံးဘောလုံးသမားဆု အီဘရာဟီမိုဗစ်ခ်ျ ရရှိ

ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၁၆ တနှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျ ရရှိခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ အဲဒီဆုကို ၂၀၀၅ ခုနှစ်မှာ စတင်ရရှိခဲ့ပြီး ၂၀၀၆ မှာတော့  ဖရက်ဒရစ်လွန်းဘတ်က ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၇ ခုနှစ်မှာ ပြန်ရခဲ့ပြီး အခုအကြိမ်နဲ့ဆို ၁၀ နှစ်ဆက်တိုက် ရခဲ့တာပါ။ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ဆွီဒင်အသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် အသက် ၃၅ နှစ်အရွယ် မိုဗစ်ခ်ျဟာ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူခဲ့တာပါ။ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ စတော့ဟုမ်းက Friends Arena ဘောလုံးကွင်းရှေ့မှာ  မိုဗစ်ခ်ျရုပ်တု စိုက်ထူဂုဏ်ပြုဖို့ စီစဉ်နေတာလည်း ရှိပါတယ်။ မိုဗစ်ခ်ျဟာ ၁၉၉၉ ကနေ အခုချိန်အထိ ကလပ်အသင်းကြီး ၈ ခုမှာ ကစားခဲ့ပြီး ဂိုးပေါင်း ၃၀၀ ကျော်သွင်းထားသူ ဖြစ်ပါတယ်။ မန်ယူကိုမပြောင်းခင် ပဲရစ်စိန့်ဂျာမိန်းကလပ်မှာ ၄ နှစ်ကစားခဲ့ပြီး ပွဲပေါင်း ၁၂၂ ပွဲမှာ ၁၁၃ ဂိုး သွင်းခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်အဖြစ် ၁၅ နှစ်တာကာလအတွင်း ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့ပြီး ဂိုးပေါင်း ၆၀ ကျော် သွင်းပေးထားနိုင်ခဲ့ပါတယ်။
4 years Ago
Up