အီဗရာဟီမိုဗစ်ခ်ျ၏ သွင်းဂိုးဖြင့် ယူကရိန်းကလပ်ကို မန်ယူ အနိုင်ရ

A d v e r t i s e m e n t With Us

September 30, 2016

အီဗရာဟီမိုဗစ်ခ်ျ၏ သွင်းဂိုးဖြင့် ယူကရိန်းကလပ်ကို မန်ယူ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် အုပ်စုအေက မန်ချက်စတာယူနိုက်တက်နဲ့ ယူကရိန်းကလပ် ဇော်ယာတို့ စက်တင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်ရာ အီဗရာဟီမိုဗစ်ခ်ျရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ မန်ယူက အနိုင်ရသွားပါတယ်။ ပထမပွဲစဉ်မှာ ဖီယင်နုကို ရှုံးနိမ့်ခဲ့လို့ မန်ယူတို့ ဒီပွဲမှာ အားစိုက် ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ရပ်ရှ်ဖို့ဒ် အပြင်းကန်သွင်းတဲ့ဘောလုံး တိုင်ထိပြီး ထွက်ခဲ့တာ အပါအ၀င် အပိုင်အခွင့်အရေးတချို့ လွဲချော်ခဲ့တဲ့အတွက် မန်ယူတို့ စောစောစီးစီး ဂိုးမရ ဖြစ်နေခဲ့တာပါ။ မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပါတယ်။ မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၉ မိနစ်မှာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက အနီးကပ် ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ အုပ်စုအေ အခြားပွဲစဉ်မှာတော့ တူရကီကလပ် ဖီနာဘာချီက နယ်သာလန်ကလပ် ဖီယင်နုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုအေက နှစ်ပွဲစီ ကစားအပြီးမှာတော့ ဖီနာဘာချီက ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဖီယင်နုနဲ့ မန်ယူတို့ကတော့ ၃ မှတ်စီနဲ့ အဆင့် ၂ နဲ့ ၃ မှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up