ချဲလ်ဆီးအသင်းက နောက်တန်းသမား အီဗန်နိုဗစ်ကို တနှစ်စာချုပ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆားဘီယား နောက်ခံလူကို တနှစ်စာချုပ် တိုးလိုက်လို့ စတန်းဖို့ဘရစ်ခ်ျအသင်းမှာ ၂၀၁၇ ဘောလုံးရာသီအကုန်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက ကိုယ့်အိမ်ကိုယ်ယာဖြစ်နေပြီး တခြားမှာ ပြောင်းကစားဖို့ မရှိဘူးလို့ ချဲလ်ဆီးရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ အီဗန်နိုဗစ်က ပြောပါတယ်။ အီဗန်နိုဗစ်ဟာ ရုရှားကလပ် လိုကိုမိုးတစ် မော်စကို အသင်းကနေ ၂၀၀၈ မှာ ချဲလ်ဆီးကို ရောက်ရှိလာတာပါ။
နောက်တန်းသမားဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း ၃၄၁ ပွဲ ကစားပေးထားပြီး ၃၂ ဂိုး သွင်းယူထားပါတယ်။ သူဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ် ရယူထားပါတယ်။
7 years Ago