အီဖယ်မျှော်စင်တွင် မီးအမှောင်ချပြီး စိန့်ပီတာစဘတ် ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်းပြသ

April 5, 2017

အီဖယ်မျှော်စင်တွင် မီးအမှောင်ချပြီး စိန့်ပီတာစဘတ် ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်းပြသ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေအတွက် ဧပြီ ၄ ရက်နေ့က ပြင်သစ်နိုင်ငံ မြို့တော် ပါရီက ကမ္ဘာကျော် အီဖယ်မျှော်စင်ကြီးမှာ ၁ နာရီကြာ မီးအမှောင်ချပြီး ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။ ညအမှောင်ထုရောက်တိုင်း မီးတွေနဲ့ ထိန်ထိန်လင်းနေခဲ့တဲ့ အီဖယ်မျှော်စင်ကြီးဟာ မနေ့ည ၁၀ နာရီတိတိမှာ ၁ နာရီကြာ မီးအမှောင်ချပြီး ငြိမ်သက်နေခဲ့တာပါ။ လန်ဒန်မြို့ ဝက်စ်မင်စတာ (Westminster) တံတားတိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး အယောက် ၃၀ နီးပါး ဒဏ်ရာချိန်ကလည်း အီဖယ်မျော်စင်ကြီးမှာ မီးအမှောင်ချပြီး ဝမ်းနည်းကြောင်း ပြသခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ စိန့်ပီတာစဘတ် တိုက်ခိုက်မှုမှာတော့ လူ ၁၄ ဦး သေဆုံးပြီး အယောက် ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
4 years Ago
Up