အီဒါဆင်

May 6, 2018

မန်စီးတီးအတွက် ဂိုးသွင်းပေးလိုဟု ဂိုးသမား အီဒါဆင်ပြော

မန်​စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆင်​ဟာ အသင်းအတွက်​ ဂိုးသွင်းယူ​ပေးရရင်​ ​ပျော်​ရွှင်​မိမှာဖြစ်​​ကြောင်း ​ပြောကြားခဲ့ပါတယ်​။ အီဒါဆင်​ဟာ မန်​စီးတီးအသင်းမှာ လက်ရှိ​လက်​စွမ်းပြ​နေသလို ပထမဂိုးသမား​နေရာအတွက်​ ဝါရင့်ဂိုးသမား ဘရာဗိုကို ​ကျော်​ဖြတ်​ထားနိုင်​သူလည်းဖြစ်​ပါတယ်​။ အီဒါဆင်​ရဲ့ သူရဲ​ကောင်းက​တော့ ရိုဂျီရီယိုကန်​နီ ဖြစ်​ပြီး ဆာပိုလိုအသင်းအတွက်​ ဂိုး​ပေါင်း ၁၀၀ သွင်းယူထားခဲ့ပါတယ်​။ အီဒါဆင်​ဟာ ဘင်​ဖီကာအသင်းနဲ့ ဖလား ၂ လုံးရရှိထားပြီး မန်​စီးတီးအသင်းနဲ့လည်း ဖလားထပ်​မံရရှိခဲ့တာ​ကြောင့် ၃ နှစ်​အတွင်း ဖလား ၃လုံးရရှိထားပါတယ်​။ အီဒါဆင်ဟာ ဘင်ဖီကာအသင်းနဲ့အတူ ရရှိထားတဲ့ ဖလားပုံကို တက်​တူးထိုးထားပြီး ပရီးမီးယားလိဂ်​ဖလားပုံစံလည်း တက်​တူးထိုးသွားဖို့ ရှိ​နေပါတယ်​။ ​​​အီဒါဆင်​အ​နေနဲ့ မန်​စီးတီးအသင်းမှာ ဆက်​ပြီး​တော့ ​အောင်​မြင်​မှု​တွေရယူချင်​ပြီး နည်းပြဂွါဒီယိုလာရဲ့ ယုံကြည်​မှုကို ဆက်​လက်​ရယူလို​နေပါတယ်​။
4 years Ago
Up