အီတွမ်ဂိုဆည်အနီး

May 18, 2018

အီတွမ်ဂိုဆည်အနီး နေထိုင်သူ ၅ သောင်းခန့် ဘေးလွတ်ရာပြောင်းရွှေ့

ကိုလံဘီယာနိုင်ငံနိုင်ငံ မြောက်ပိုင်းက အီတွမ်ဂိုဆည်မှာ ပြဿနာတွေရှိနေလို့ ကိုကာမြစ်တလျှောက်မှာ နေထိုင်သူ ၅ သောင်းနီးပါးကို အာဏာပိုင်တွေက ဘေးလွတ်ရာပြောင်းရွှေ့ခိုင်းထားပါတယ်။ မိုးသည်းမှုတွေကြောင့် ကိုကာမြစ်ရေတိုးလာပြီး အဲဒီဆည်မှာ ရေတွေစုခဲ့လို့  အဲဒီ ဆည်ရဲ့ မြောင်းတွေနဲ့ ရေဖြည့် စနစ်တွေ ချို့ယွင်းခဲ့ပါတယ်။ ရေကြီးနိုင်တဲ့ အခြေအနေကို စိုးရိမ်ပြီး ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းခိုင်းခဲ့တာပါ။ မြစ်အောက်ခြေပိုင်းက လူ ၅ သောင်းနီးပါးကို ရေကြီးနိုင်တဲ့ အန္တရာယ်လွတ်ရာမှာ ဖွင့်ထားတဲ့ ရေဘေးရှောင်စခန်းကို ပြောင်းရွှေ့ပေးထားတယ်လို့ ကိုလံဘီယာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ဒီဆည်ဟာ ဆောက်လုပ်ဆဲ ဆည်တစ်ခုဖြစ်ပြီး ကိုလံဘီယာရဲ့ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းလည်း ဖြစ်ပါတယ်။
4 years Ago
Up