အီတီဟတ်ကွင်း

A d v e r t i s e m e n t With Us

March 30, 2020

အီတီဟတ်ကွင်းကို ကျန်းမာရေးစင်တာအဖြစ် အသုံးပြုနိုင်ကြောင်း မန်စီးတီးကြေညာ

မန်စီးတီးအသင်းဟာ အီတီဟတ်ကွင်းကို အမျိုးသားကျန်းမာရေးဆိုင်ရာ စင်တာအဖြစ် အသုံးပြုနိုင်ကြောင်း ကြေညာလိုက်ပါတယ်။ ဗြိတိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ သောင်းနီးပါး အထိရောက်ရှိနေပြီး သေဆုံးသူအရေအတွက်ကလည်း ၁၂၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းက အိမ်ကွင်း အီတီဟတ်ကွင်းကို အမျိုးသားကျန်းမာရေး စင်တာ အဖြစ် အသုံးပြုနိုင်ကြောင်း ကြေညာခဲ့တာပါ။ အီတီဟတ်ကွင်းကို ဆရာဝန်တွေနဲ့ သူနာပြုတွေအတွက် ဗိုင်းရပ်စ်ကာကွယ်တားဆီးရေး လေ့ကျင့်မှုသင်တန်းတွေ ပြုလုပ်တဲ့နေရာအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။  မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဒေသခံတွေအတွက် စားသောက်ရေး အဆင်ပြေစေဖို့အတွက် ပြီးခဲ့တဲ့တစ်ပတ်က ပေါင် ၁ သိန်းလှူဒါန်းခဲ့ပါတယ်။  စပိန်နိုင်ငံမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက သူတို့ရဲ့အိမ်ကွင်း ဘာနေဗျူးကွင်းကို  ဆေးပစ္စည်း ဆိုင်ရာတွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ 
11 months Ago
Up